ယနေ့ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ စီးပွားရေးနယ်ပယ်ထဲမှာ အဖွဲ့အစည်းတစ်ခုရဲ့အာင်မြင်မှုကသူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေရဲ့ အရည်အချင်းနဲ့ လိုက်လျောညီထွေရှိမှုအပေါ် အများကြီးမှီခိုနေပါတယ်။ ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေ အခန်းကဏ္ဍတွေက အရင်ကထက် ကျယ်ပြန့်လာတာမို့အခက်အခဲတွေကို ဖြတ်ကျော်နိုင်ဖို့က အရာရာကိုကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့်ပဲ အဖွဲ့အစည်းတွေမှာ ဒီလိုအဓိကပုဂ္ဂိုလ်တွေကို လုပ်ငန်းပိုင်းတွေ ကျွမ်းကျင်အောင် မြှင့်တင် အလေးပေးမှု တွေကိုမြင်ရမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွမ်းကျင်တဲ့ မန်နေဂျာတွေကို အလုပ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်းက လုပ်ငန်းအတွက် အလုံးစုံတိုးတက်မှုနဲ့ အောင်မြင်မှုကို ဘယ်လို ပံ့ပိုးပေးမလဲဆိုတာကို လေ့လာရမှာပါ။

1. နည်းပညာတိုးတက်မှုများနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း-
ဒစ်ဂျစ်တယ်အသွင်ပြောင်းတဲ့ခေတ်မှာ၊ နည်းပညာက လုပ်ငန်းအောင်မြင်မှုအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမဲ့ နည်းပညာအသစ်တွေကို အသုံးချဖို့အတွက် နောက်ဆုံးပေါ်ကိရိယာတွေနဲ့ ခေတ်ရေစီးကြောင်းတွေကို ကောင်းစွာနားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ နည်းပညာတတ်မြောက်မှုမှာ ကျွမ်းကျင်တဲ့ ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေအတွက်စွမ်းရည် မြှင့်တင်ပေးတာက အဖွဲ့အစည်းတွေအနေနဲ့လည်း ဆန်းသစ်တီထွင်မှုရဲ့ စွမ်းအားကို အသုံးချနိုင်ကာ၊ လုပ်ငန်းလည်ပတ်မှုကို ချောမွေ့မှုတွေဖြစ်စေနိုင်ပြီး ခေတ်အလိုက်အများတမ်းတူ ယှဉ်ပြိုင်နိုင်စွမ်းတွေမြင့်မားစေပါတယ်။ ဒေတာခွဲခြမ်းစိတ်ဖြာမှုကို နားလည်လာတာနဲ့ cloud computing နဲ့ AI ကို အသုံးချတာတွေအထိ၊ ကျွမ်းကျင်ထားတဲ့ ခေါင်းဆောင်တွေက လုပ်ငန်းအတွက်အကောင်းဆုံး ဆုံးဖြတ်ချက်တွေချပေးနိုင်ပါတယ်။
2. ထိရောက်သောအချင်းချင်းဆက်သွယ်ရေးကို ပြုစုပျိုးထောင်ခြင်း-
ခိုင်မာတဲ့ ဆက်သွယ်ရေးကျွမ်းကျင်မှုက ခေါင်းဆောင်တွေအတွက် ဝန်ထမ်းတွေကို လှုံ့ဆော်ဖို့နဲ့ သက်ဆိုင်သူတွေ အချင်းချင်းဆက်ဆံရေးတည်ဆောက်ဖို့ အလုပ်ယဉ်ကျေးမှုကိုမြှင့်တင်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဆက်ဆံရေးမှာ ကျွမ်းကျင်တာက ခေါင်းဆောင်တွေအတွက် သူတို့ရဲ့အမြင်ကို ထိထိရောက်ရောက် ထုတ်ဖော်နိုင်ပြီး၊ တုံ့ပြန်ချက်ပေးနိုင်မှုတွေနဲ့၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်စေပါတယ်။ ဆက်သွယ်ရေးသင်တန်းတွေမှာ ရင်းနှီးမြုပ်နှံခြင်းကလည်း အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပြီး နားလည်မှုလွဲမှားမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။
3. ပြောင်းလဲမှုနှင့် တက်ကြွမှုကို လက်ခံခြင်း-
ယနေ့ခေတ် လျင်မြန်တဲ့ စီးပွားရေးပတ်ဝန်းကျင်မှာ အပြောင်းအလဲဆိုတာ မမြဲပါဘူး။ အပြောင်းအလဲ စီမံခန့်ခွဲမှုမှာ ကျွမ်းကျင်တဲ့ ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေက မသေချာမရေရာမှုတွေကိုအတိအကျမြင်လာနိုင်မယ်၊ အခြေအနေသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်မယ်၊ အကူးအပြောင်းတွေ ကြားမှာအဖွဲ့အစည်းတွေကိုဦးဆောင်နိုင်စွမ်းရှိစေပါတယ်။ ဒီကျွမ်းကျင်မှုတွေက အဖွဲ့အစည်းအတွင်မှား သွက်လက်တက်ကြွမှု ယဉ်ကျေးမှုကို မြှင့်တင်ပေးပြီး စျေးကွက်အပြောင်းအလဲတွေကို လျင်မြန်စွာ တုံ့ပြန်နိုင်တာတွေနဲ့ ဆန်းသစ်တဲ့နည်းပညာတွေကိုပါ အကောင်အထည်ဖော်နိုင်စေပါတယ်။

4. Emotional Intelligence ကို ဖော်ဆောင်ခြင်း-
ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေက လုပ်ငန်းဆောင်တာတွေ လုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲဖို့ တာဝန်ရှိယုံမဟုတ်ပဲ အောက်လက်ငယ်သားတွေကို ဦးဆောင်မှုမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးက မိမိကိုယ်ကို သိရှိနားလည်မှု၊ စာနာမှုနဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေပါဝင်ပြီး ခိုင်မာသောဆက်ဆံရေးတည်ဆောက်ဖို့နဲ့ အလုပ်ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးရာမှာ အရေးကြီးပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ ကျွမ်းကျင်တဲ့ ခေါင်းဆောင်တွေကို မြေတောင်မြှောက်ပေးတာက လုပ်ငန်းအတွက် ထိရောက်တဲ့ ခေါင်းဆောင်မှုကို မွေးမြူနိုင်ပြီး ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ အလုပ်လုပ်နိုင်စွမ်းရည်ကိုတိုးစေနိုင်ပါတယ်။
5. Strategic Thinking ကို မြှင့်တင်ခြင်း-
Strategic Thinking က ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ဒါကတော့ ရှုပ်ထွေးသောပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်မှု၊ ပိုင်းခြားစိတ်ဖြာတွေးခေါ်နိုင်မှုနဲ့ ရေရှည်စီမံကိန်းများရေးဆွဲနိုင်မှုတို့ကိုအထောက်အကူပြုပေးပါတယ်။ ဒီလို တွေးခေါ်မှုတွေနဲ့ ခေါင်းဆောင်တွေကို လိုအပ်တဲ့ strategic thinking skill မှာမြှင့်တင်ပေးတာကလည်း စီးပွါးရေး အခွင့်အလမ်းအမြောက်အများကိုတိုးတက်စေနိုင်ပါတယ်။ နောက်ပြီး စီးပွားရေးလုပ်ငန်းတွေက ပြိုင်ဆိုင်မှုမှာ သာလွန်နေနိုင်ပြီး စျေးကွက်ဒိုင်းနမစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်တာကိုမြင်ရမှာပါ။
အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေကိုမြေတောင်မြှောက်ပေးတာက ယနေ့ ပြောင်းလဲနေတဲ့ နယ်ပယ်မှာ စီးပွားရေးလုပ်ငန်းတေ ရှင်သန်ကြီးထွားလာစေဖို့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ ခေါင်းဆောင်တွေ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သင်တန်းပေးချင်းကြောင့် အဖွဲ့အစည်းတွေအတွက် ဆန်းသစ်တီထွင်မှုတွေပြုလုပ်နိုင်ခြင်း၊ ဆက်သွယ်ရေးကို မြှင့်တင်ပေးခြင်း၊ သွက်လက်တက်ကြွလာစေခြင်း၊ အလုပ်ယဉ်ကျေးမှုကောင်းတွေကို ပြုစုပျိုးထောင်ပေးပြီး စဉ်းစားတွေးခေါ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ စဉ်ဆက်မပြတ် ကျွမ်းကျင်မှုဆိုင်ရာ အစပျိုးမှုတွေက တစ်ဆင့် စီးပွားရေးလုပ်ငန်းတွေရဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ အားသာချက်တွေကို ဖန်တီးနိုင်ပြီး ရေရှည်အောင်မြင်မှုအတွက် မိမိကိုယ်ကို ထူထောင်နိုင်မှာလည်းဖြစ်ပါတယ်။
Comentários