top of page
Writer's pictureSamantha

သင့်အဖွဲ့အစည်း၏ HR လုပ်ငန်းစဉ်တွေကိုနည်းပညာအသုံးချပြီး ပြင်ဆင်လိုက်ပါ။

Updated: Jun 20, 2023

ယနေ့ခေတ် လျင်မြန်တဲ့စီးပွားရေးပတ်ဝန်းကျင်မှာ၊ အဖွဲ့အစည်းတွေက ရှေ့သို့ဆက်လက်ရှင်သန်နေစေဖို့ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်နေကြရမှာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ အသွင်ကူးပြောင်းရေးကို တောင်းဆိုနေတတ်တဲ့ နယ်ပယ်တစ်ခုကတော့ လူသားအရင်းအမြစ် (HR) ဖြစ်ပါတယ်။ သမားရိုးကျ HR လုပ်ငန်းစဉ်တွေက အချိန်ကုန်နိုင်ပြီး အမှားအယွင်းများ ကျရောက်နိုင်လို့ ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်တွေတွေဖြစ်နိုင်ပါတယ်။ သင့်အဖွဲ့အစည်းရဲ့ HR လုပ်ငန်းစဉ်တွေကို ပြင်ဆင်ဖို့နဲ့ နည်းပညာရဲ့ စွမ်းအားကို လက်ခံရယူဖို့က အရေးကြီးပါတယ်။ ဒီနေ့မှာတော့ နည်းပညာတွေက ဘယ်လို ပြောင်းလဲမှု တွန်းအားတွေပေးပြီး သင်ရဲ့ HR အလေ့အကျင့်တွေကို ဘယ်လို နောက်တစ်ဆင့်ကို ပို့ဆောင်နိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။


Use HR technology

1. ချောမွေ့စွာအလုပ် ခန့်အပ်ခြင်းနဲ့ အလုပ်စတင်ခန့်အပ်ခြင်း- မှန်ကန်ပြီး အရည်အချင်းရှိသူတွေကို ရှာဖွေခန့်အပ်ခြင်းက အဖွဲ့အစည်းအောင်မြင်မှုအတွက် အရေးကြီးပါတယ်။ သမားရိုးကျ လူသစ်စုဆောင်းရေးနည်းလမ်းတွေနဲ့ လူကိုယ်တိုင်ကိုယ်ရေးရာဇဝင် စိစစ်ခြင်း၊ ရှည်လျားသော လူတွေ့စစ်ဆေးခြင်းလုပ်ငန်းစဉ်များတွေက ကျယ်ပြန့်ပြီး စာရွက်စာတမ်းများ ပါဝင်လေ့ရှိပါတယ်။ ဒါက HR အဖွဲ့တွေနဲ့ ဝန်ထမ်း ဖြစ်နိုင်ချေရှိတဲ့ သူတွေအတွက် စိတ်အနှောက်အရှက်ဖြစ်နိုင်ပါတယ်။


နည်းပညာကို အသုံးချခြင်းက အဖွဲ့အစည်းတွေအတွက် ဝန်ထမ်း ခေါ်ယူမှုနဲ့ အလုပ်စတင်တဲ့ လုပ်ငန်းစဉ်တွေကို ချောမွေ့စေနိုင်ပါတယ်။ လျှောက်ထားသူ ခြေရာခံခြင်းစနစ် (ATS) က အရည်အချင်းပြည့်မီတဲ့ ဝန်ထမ်းဖြစ်မယ့်သူတွေကို ထိရောက်စွာ ခွဲခြားသတ်မှတ်ဖို့ ပိုမိုလွယ်ကူစေပြီး အလိုအလျောက် ကိုယ်ရေးမှတ်တမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ အွန်လိုင်းအကဲဖြတ်မှုတွေနဲ့ ဗီဒီယိုအင်တာဗျူးတွေက HR ပညာရှင်တွေနဲ့ လျှောက်ထားသူတွေအတွက် လိုက်လျောညီထွေရှိပြီး အချိန်ကုန်သက်သာစေပါတယ်။ ဒါ့အပြင်၊ ဒစ်ဂျစ်တယ်စတင်အသုံးပြုတဲ့ ပလပ်ဖောင်းတွေက စာရွက်စာတမ်းပြဿနာတွေကို ရိုးရှင်းစေပြီး ငှားရမ်းတဲ့ဝန်ထမ်းအသစ်တွေအတွက် ချောမွေ့တဲ့ အကူးအပြောင်းကို ပေးစွမ်းနိုင်ပါတယ်။


2. ဝန်ထမ်းများကိုယ်တိုင်အသုံးပြုနိုင်သော ပေါ်တယ်များ- ဝန်ထမ်းတွေက သူတို့၏ကိုယ်ပိုင် HR နှင့်ပတ်သက်တဲ့ လုပ်ငန်းတာဝန်တွေကို စီမံခန့်ခွဲရန် စွမ်းအားမြှင့်ပေးခြင်းက စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို သိသိသာသာ လျှော့ချနိုင်ပြီး ဝန်ထမ်းများရဲ့ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဝန်ထမ်းကိုယ်တိုင် အသုံးပြုနိုင်တဲ့ ပေါ်တယ်လ်တွေမှာ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုပြီး အပ်ဒိတ်လုပ်နိုင်ခြင်း၊ ခွင့်ပန်ခြင်းတောင်းဆိုမှုများ တင်သွင်းနိုင်ခြင်း၊ လစာဖြတ်ပိုင်းများကို ကြည့်ရှုခြင်းနဲ့ အကျိုးခံစားခွင့်ပရိုဂရမ်များမှာ စာရင်းသွင်းခြင်းတို့ ပြုလုပ်နိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။


ဒီပေါ်တယ်တွေက ဝန်ထမ်းတွေရဲ့ HR လုပ်ငန်းစဉ်တွေအပေါ်မှာ ပိုမိုထိန်းချုပ်နိုင်စေပြီး အချိန်နှင့်တပြေးညီ ပြောင်းလဲမှုများ ပြုလုပ်နိုင်ပါတယ်။ လိုချင်တဲ့အချိန်မှာလည်း သတင်းအချက်အလက်တွေကို ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဝန်ဆောင်မှုက HR ကျွမ်းကျင်ပညာရှင်များကို ဝန်ထုပ်ဝန်ပိုးများမှ လွတ်မြောက်စေပြီး ဝန်ထမ်းတွေအတွက်လည်း သူတို့ရဲ့ HR ကိစ္စရပ်တွေအပေါ်မှာ စွမ်းဆောင်ရည်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ ခံစားချက်တို့ကို ပံ့ပိုးပေးနိုင်ပါတယ်။


3. ပေါင်းစပ်ထားသော HR စီမံခန့်ခွဲမှုစနစ်မျာ- သမားရိုးကျ HR လုပ်ငန်းစဉ်တွေမှာ မကြာခဏဆိုသလို မတူညီသောစနစ်တွေနဲ့ လက်စွဲဒေတာထည့်သွင်းခြင်းတွေ ပါဝင်ပြီး ထိရောက်မှုမရှိပဲ အမှားအယွင်းတွေ ဖြစ်နိင်ခြေရှိပါတယ်။ ပေါင်းစည်းထားတဲ့ HR စီမံခန့်ခွဲမှုစနစ်တွေက HR လုပ်ဆောင်ချက်အားလုံးကို ပလပ်ဖောင်းတစ်ခုတည်းအဖြစ် စုစည်းစေပြီး လုပ်ငန်းစဉ်တွေကို ချောမွေ့စေပြီး ဒေတာတိကျမှုကို မြှင့်တင်ပေးပါတယ်။


ဒီစနစ်တွေက လုပ်ခလစာစီမံခန့်ခွဲမှု၊ ခွင့်ရက် ခြေရာခံခြင်း၊ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းနဲ့ လေ့ကျင့်ရေးသင်တန်းများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ကဲ့သို့သော အဓိက HR လုပ်ငန်းတွေကို အလိုအလျောက်လုပ်ဆောင်ပေးပါတယ်။ အမျိုးမျိုးသော HR လုပ်ငန်းဆောင်တာတွေကို ပေါင်းစပ်ပြီး အဖွဲ့အစည်းတွေအတွက် မလိုအပ်ပဲ ကြိုးပမ်းအားထုတ်မှုလုပ်တာတွေကို လျှော့ချနိုင်ပြီး ဒေတာခိုင်မာမှုကို မြှင့်တင်ခြင်း၊ အလုံးစုံစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းတွေပေးဆောင်နိုင်ပါတယ်။


Use HR solutions


4. ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်စီမံခန့်ခွဲမှုနှင့် တုံ့ပြန်ချက်- နှစ်စဉ်ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်းမှာ သမားရိုးကျစွမ်းဆောင်ရည်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေက ဝန်ထမ်းတွေရဲ့နေ့စဉ်လုပ်ငန်းခွင်ထဲ အချိန်ကုန်စေခြင်း၊ စိတ်အားထက်သန်မှုလျော့ကျစေခြင်းနဲ့ အဆက်အသွယ်ဖြတ်ခြင်းအဖြစ် တွေ့ရှိနိုင်ပါတယ်။

ခေတ်မီ HR နည်းပညာများက စဉ်ဆက်မပြတ် တုံ့ပြန်ချက်တွေ ပန်းတိုင်သတ်မှတ်ခြင်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို လွယ်ကူချောမွေ့စေမည့် စွမ်းဆောင်ရည်စီမံခန့်ခွဲမှု တွေကို ပေးဆောင်နိုင်ပါတယ်။ ဒီ ပလပ်ဖောင်းတွေက အချိန်နှင့်တပြေးညီ စွမ်းဆောင်ရည်ခြေရာခံခြင်းကို လုပ်ဆောင်နိုင်ပြီး မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေအကြား ပုံမှန်စစ်ဆေးခြင်းတွေကိုလည်း အထောက်အပံ့ပေးနိုင်ပြီး အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုကို တိုးတက်စေပါတယ်။


5. ဒေတာအသုံးပြုပြီး ပိုင်းခြားစိတ်ဖြာချက်များ - နည်းပညာတွေက အဖွဲ့အစည်းတွေအတွက် သူတို့ရဲ့ HR အလေ့အကျင့်တွေကို ထိုးထွင်းသိမြင်နိုင်စေဖို့ ဒေတာနှင့် ခွဲခြမ်းစိတ်ဖြာမှုစွမ်းအားတွေကို အသုံးချနိုင်စေပါတယ်။ HRတွေရဲ့ဒေတာ ပိုင်းခြားစိတ်ဖြာချက်တွေကတစ်ဆင့် ဝန်ထမ်းတွေရဲ့ထိတွေ့ဆက်ဆံမှု၊ ဝန်ထမ်းလည်ပတ်နှုန်းတွေ၊ ဝန်ထမ်းစုဆောင်းမှုထိရောက်မှုတွေ၊ ဝန်ထမ်း လေ့ကျင့်ရေး ROI နဲ့ အခြားအရာများအတွက် အဖိုးတန်အချက်အလက်များကို ပေးစွမ်းပါတယ်။


HRရဲ့ ဒေတာခွဲခြမ်းစိတ်ဖြာမှုကတစ်ဆင့်အဖွဲ့အစည်းတွေရဲ့ ခေတ်ရေစီးကြောင်းတွေကို ခွဲခြားသတ်မှတ်နိုင်ပြီး ဒေတာအခြေခံသော ဆုံးဖြတ်ချက်များချနိုင်ပြီး ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေကို ကြိုတင်ဖြေရှင်းနိုင်ပါတယ်။ HR ကျွမ်းကျင်ပညာရှင်များအတွက် ထိပ်တန်းစွမ်းရည်ရှိဝန်ထမ်းတွေကို ဆွဲဆောင်နိုင်စေခြင်း၊ ဝန်ထမ်း ထိန်းသိမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်စေရေး ပစ်မှတ်ထားသော နည်းလမ်းတွေကို ဖန်တီးနိုင်ပါတယ်။ နောက်ပြီး အဖွဲ့အစည်းရဲ့ အာင်မြင်မှုကိုလည်းပေးစွမ်းနိုင်ပါတယ်။


နည်းပညာအသုံးပြုပြီး သင့်အဖွဲ့အစည်းရဲ့ HR လုပ်ငန်းစဉ်တွေကို ပြင်ဆင်ခြင်းက ခေတ်မီကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်စေရုံးသာမကပဲ ပိုမိုဆွဲဆောင်မှုရှိပြီး အကျိုးရှိတဲ့အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ ဝန်ထမ်းခေါ်ယူခြင်းနဲ့ စတင်ခန့်အပ်ခြင်း၊ ဝန်ထမ်းကိုယ်တိုင် ဝန်ဆောင်မှုပေးတဲ့ပေါ်တယ်တွေ ပေါင်းစပ် HR စီမံခန့်ခွဲမှုစနစ်တွေ၊ စွမ်းဆောင်ရည်စီမံခန့်ခွဲမှုကိရိယာတွေနဲ့ ဒေတာအသုံးချတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကို လက်ခံတာကလည်း၊ အဖွဲ့အစည်းရဲ့ HR အလေ့အကျင့်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။


သင်၏ HR လုပ်ငန်းစဉ်များကို ပြင်ဆင်ဖို့အဆင်သင့်ဖြစ်ပြီလား။


JustLogin ဆော့ဖ်ဝဲက လုပ်ငန်းဆောင်ရွက်မှုတွေကို ချောမွေ့စေပါတယ်။ ဝန်ထမ်းတွေရဲ့ ထိတွေ့ဆက်ဆံမှုတွေကို မြှင့်တင်နိုင်ပြီး အဖွဲ့အစည်းဆိုင်ရာ အောင်မြင်မှုကို တွန်းအားပေးဖို့ ဒီဇိုင်းထုတ်ထားသော ပြည့်စုံသော HR နည်းပညာကို ပေးနိုင်ပါတယ်။ အဝေးကနေ ဝန်ထမ်းစီမံခန့်ခွဲမှု၊ ဝန်ထမ်းကိုယ်တိုင်ဝန်ဆောင်မှု၊ လစာတွက်ချက်မှုတွေအပြင် လိုက်လျောညီထွေရှိပြီး၊ စွမ်းဆောင်ရည်စီမံခန့်ခွဲနိုင်တာတွေအစရှိတဲ့ ထိပ်တန်းအင်္ဂါရပ်တွေကိုပေးနိုင်လို့ ကို အသုံးချပြီး သင့်လုပ်ငန်းရဲ့ HR အလားအလာကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ HR စီမံခန့်ခွဲမှု၏အနာဂတ်ကို ခုန်ဝင်ပြီး သင့်စိတ်ကြိုက် HR ဖြေရှင်းချက်အဖြစ်နဲ့ JustLogin ဆော့ဖ်ဝဲလ်ကို ရွေးချယ်လိုက်ပါ။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုပြီး သရုပ်ပြအစီအစဉ်ကို ယခုပဲ ရယူဖို့ဆက်သွယ်လိုက်ပါ။



30 views0 comments

Comments


bottom of page