ယနေ့ခေတ်ရဲ့ လျှင်မြန်တိုးတက်နေတဲ့ စီးပွါးရေးအပိုင်းမှာ၊ မတူကွဲပြားပြီး များပြားလှတဲ့ ဝန်ထမ်းတွေကို စီမံခန့်ခွဲရတာက ယခင်ကထက် ပိုမိုရှုပ်ထွေးလာပါတယ်။ အဖွဲ့အစည်းတွေအတွက် သူတို့ရဲ့ အချိန်ပြည့်အလုပ်သမားတွေ၊ အချိန်ပိုင်းဝန်ထမ်းတွေ၊ နောက်ပြီးအလွတ်တန်းဝန်ထမ်းတွေနဲ့ အလိုအလျောက်စနစ်သုံးနည်းပညာတွေက ပိုမိုကြီးမားသောဂေဟစနစ်၏အစိတ်အပိုင်းဖြစ်တာကို အသိအမှတ်ပြုရမည်ဖြစ်ပါတယ်။ ဒါကြောင့်HR ပညာရှင်တွေက ဝန်ထမ်းအင်အား မျှတအောင်နဲ့ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့အတွက်အဓိကအရေးပေးပြီးလုပ်ဆောင်သင့်ပါတတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဝန်ထမ်းအင်အားမျှတအောင် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာနဲ့ ဝန်ထမ်းတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရရှိဖို့ အဓိကနည်းလမ်းတွေနဲ့ အလေ့အကျင့်တွေကိုပြောပြသွားမှာဖြစ်ပါတယ်။
ဝန်ထမ်းတွေရဲ့ဂေဟစနစ်မျှတအောင်စီမံတယ်ဆိုတာဘာလဲ။
ဝန်ထမ်းတွေရဲ့ဂေဟစနစ်မျှတအောင်စီမံခန့်ခွဲတယ်ဆိုတာက အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုနေတဲ့ လူတစ်ဦးချင်းစီနဲ့ နည်းပညာများတွေကိုရည်ညွန်းပါတယ်။ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကိုအောင်မြင်စေဖို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ပြည်တွင်းြကောပည်ပ သက်ဆိုင်သူတွေ အကျုံးဝင်ပါတယ်။ ဝန်ထမ်းတွေရဲ့ဂေဟစနစ်ရဲဲ့ အဓိက အစိတ်အပိုင်းတွေက -
1. အချိန်ပြည့်ဝန်ထမ်းများ- သူတို့တွေက အဖွဲ့အစည်းအတွက် အမြဲတမ်းအချိန်ပြည့် တိုက်ရိုက်အလုပ်လုပ်နေတဲ့ အဓိကဝန်ထမ်းတွေဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ဂေဟစနစ်ရဲ့ အဓိက ကျောရိုးအဖြစ် ရပ်တည်နေပြီး အဖွဲ့အစည်း ရေရှည်တိုးတက်လာအောင် အထောက်အကူပြုနိုင်ပါတယ်။
2. အချိန်ပိုင်း ဝန်ထမ်းများ- အချိန်ပိုင်း ဝန်ထမ်းတွေက အချိန်ပြည့် ဝန်ထမ်းတွေကို ဖြည့်ဆည်းပေးဖို့ လိုက်လျောညီထွေရှိတဲ့ ကျွမ်းကျင်မှုတွေနဲပံ့ပိုးသူတွေဖြစ်ပါတယ်။သူတို့ကအလုပ်တာဝန်တွေ မြင့်နေတဲ့အချိန်မျိုးတွေနဲ့ အချို့သောအလုပ်တွေအတွက် ကုန်ကျစရိတ်သက်သာသော ဝန်ထမ်းတွေအဖြစ်လည်း သတ်မှတ်လို့ရပါတယ်။
3. အလွတ်တန်းဝန်ထမ်းများနဲ့ ကန်ထရိုက်တာများ- အလွတ်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကန်ထရိုက်တာတွေ ပါဝင်ခြင်းက အဖွဲ့အစည်းတွေကို ပရောဂျက်အခြေခံပေါ်မူတည်ပြီး သူတို့ရဲ့ အထူးပြုကျွမ်းကျင်မှုတွေနဲ့ အရည်အချင်းတွေကိုအသုံးချနိုင်စေနိုင်ပါတယ်။ သူတို့တွေက ဝန်ထမ်းတွေရဲ့ဂေဟစနစ်မှာ ပြောင်းလွယ်ပြင်လွယ်ပြင်လွယ်တဲ့ ဝန်ထမ်းတွေဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ လိုအပ်မှုတွေကိုအတိုင်းအတာတစ်ခုအထိပေးစွမ်းနိုင်ပါတယ်။
4. အလိုအလျောက်လုပ်ဆောင်ခြင်းနည်းပညာများ- နည်းပညာတိုးတက်မှုတွေနဲ့ အတူ၊ အလိုအလျောက်စနစ်တွေက ခေတ်သစ်ဝန်ထမ်းတွေရဲ့ဂေဟစနစ်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အော်တိုမက်တစ်နည်းပညာတွေကို အသုံးချခြင်းက လုပ်ငန်းစဉ်တွေကို ချောမွေ့စေပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်၊ ဝန်ထမ်းတွေရဲ့အလုပ်လုပ်နိုင်စွမ်းအားနဲ့ ဝန်ထမ်းတွေကအလုပ်တွေကို အာရုံစိုက်နိုင်အောင်လည်းအထောက်အကူပြုပါတယ်။
ဝန်ထမ်းအင်အား ဂေဟစနစ်တွေကို စီမံခန့်ခွဲဖို့အတွက်နည်းလမ်းများ။
1. ကျွမ်းကျင်ဝန်ထမ်းများခေါ်ယူခြင်းနဲ့လုပ်ငန်းခွင်ဝင်ရောက်မှုအကြောင်းများ - HR ကျွမ်းကျင်ပညာရှင်တွေက ဝန်ထမ်းအင်အား ဂေဟစနစ်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားပြီး အရည်အချင်းရှိတဲ့ဝန်ထမ်းတွေခေါ်ယူဖို့အတွက် နည်းလမ်းကျတဲ့စီမံခန့်ခွဲမှုတစ်ခုကို ချမှတ်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ အချိန်ပြည့်ဝန်ထမ်းတွေ၊ အချိန်ပိုင်းအလုပ်သမားတွေ၊ အလွတ်တန်းအလုပ်လုပ်သူတွေနဲ့ သူတို့အတွက်လိုအပ်တဲ့နည်းပညာတွေ အစရှိတာကိုမှန်ကန်တဲ့ ရွေးချယ်မှုတွေ ပေါင်းစက်မှု တွေကို ပြုလုပ်ပေးနိုင်မှသာ သူတို့ရဲ့ စွမ်းဆောင်ရည်ပိုကောင်းစေပြီး လုပ်ငန်းရည်မှန်းချက်တွေပြည့်မှီမှာဖြစ်ပါတယ်။ ဝန်ထမ်းအင်အား အပိုင်းအားလုံးအတွက် ချောမွေ့စွာ ပေါင်းစည်းမှုတွေ ဆက်ဆံမှုတွေ သေချာစေဖို့က ချောမွေ့စွာ အလုပ်ခန့်အပ်ခြင်း လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့လိုအပ်ပါတယ်။
2. မြန်ဆန်တဲ့အလုပ်ခွင်စီမံမှု - HR ပညာရှင်များက ကွဲပြားနေတဲ့ နည်းစနစ်တွေနဲ့ မြန်ဆန်တဲ့ ဝန်ထမ်းဂေဟစနစ်မျှတရေး အစီအစဉ်ရေးဆွဲတာတွေကို ချမှတ်သင့်ပါတယ်။ ဒါမှ ဝန်ထမ်းအင်အားလိုအပ်ချက်တွေကို စဉ်ဆက်မပြတ်အကဲဖြတ်နိုင်မယ်၊ ကြိုတင်ခန့်မှန်းနိုင်မယ်၊ ကျွမ်းကျင်မှုကွာဟချက်တွေကိုလည်း ဖော်ထုတ်မှာဖြစ်ပါတယ်။ အဆိုပါကွာဟချက်တွေကို ထိရောက်စွာဖြေရှင်းနိုင်တယ်၊ ဝန်ထမ်းတွေကဏ္ဍအမျိုးမျိုးကို သေချာအသုံးချနိုင်တယ်၊ မှန်ကန်သောအရင်းအမြစ်တွေကိုလည်း အချိန်နှင့်တပြေးညီ ချိန်ညှိနိုင်တယ်ဆိုရင် အဖွဲ့အစည်းတွေကသူတို့ရဲ့အလုပ်ပြီးမြောက်အောင်မြင်နှုန်းတွေ မြင့်လာအောင်နဲ့ အလုပ်လုပ်ဆောင်ရာမှာပိုမို လိုက်လျောညီထွေရှိမှုရှိလာအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
3. ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆက်သွယ်ရေး - ဝန်ထမ်းအင်အားဂေဟစနစ်ကို စီမံခန့်ခွဲရာမှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ လိုအပ်သည်ပါတယ်။ HR ကျွမ်းကျင်ပညာရှင်တွေက ချောမွေ့နေတဲ့ဆက်သွယ်ရေး၊ အသိပညာမျှဝေတာတွေနဲ့ ဝန်ထမ်းအင်အားစုအားလုံးကြားမှရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချောမွေ့လွယ်ကူစေမည့် ဒစ်ဂျစ်တယ်ကိရိယာတွေနဲ့ ပလပ်ဖောင်းတွေကို အကောင်အထည်ဖော်သင့်ပါတယ်။ ဒါမှသာ ဂေဟစနစ်တစ်ခုလုံးမှာ ဝန်ထမ်းတွေရဲ့ပါဝင်မှုတွေ၊ ထိတွေ့ဆက်ဆံမှုတွေနဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုတွေ တိုးမြင့်လာမှာဖြစ်ပါတယ်။
4. ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု - HR ကျွမ်းကျင်ပညာရှင်တွေက ဝန်ထမ်းအင်အားအပိုင်းအားလုံးက ပံ့ပိုးမှုတွေကို ထိထိရောက်ရောက် တိုင်းတာပြီးအသိအမှတ်ပြု စွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ်တွေကို ထူထောင်သင့်ပါတယ်။ စဉ်ဆက်မပြတ် တိုးတက်မှုတွေနဲ့ တိုးတက်မှုတွေကို မြှင့်တင်ဖို့အတွက် ပုံမှန် တုံ့ပြန်မှု လေ့ကျင့်မှုနဲ့ ဝန်ထမ်းတွေအတွက်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို ပေးအပ်သင့်ပါတယ်။ ဒါမှသာ ဂေဟစနစ်မှာရှိတဲ့ လူတစ်ဦးစီတိုင်းကို ထူးချွန်စေနိုင်ပြီး ဝန်ထမ်းတွေအတွက် အလုပ်ခွင်မှာ တန်ဖိုးထားခံရတယ်၊ဆိုတဲ့ခံစားချက်မျိုးပေးနိုင်မှာဖြစ်ပါတယ်။
JustLogin ဖြင့် ဝန်ထမ်းအင်အားစီမံခန့်ခွဲမှုကို မြှင့်တင်လိုက်ပါ။
မတူညီကွဲပြားနေတဲ့ ဝန်ထမ်းတွေရဲ့ ဂေဟစနစ်ကို စီမံခန့်ခွဲဖို့ ပြည့်စုံပြီး ထိရောက်တဲ့ HR ဆော့ဖ်ဝဲဖြေရှင်းချက် လိုအပ်ပါတယ်။ JustLogin က ဝန်ထမ်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအထိ၊ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေခန့်အပ်တာတွေကနေစတင်ပြီး ဝန်ထမ်းအင်အားစီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေကို ချောမွေ့စေနိုင်တဲ့ HR ဆော့ဖ်ဝဲပလပ်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။ လျှောက်ထားသူတွေရဲ့အချက်အလက်တွေကိုရှာဖွေသိမ်းဆည်းတာတွေ၊ ဒစ်ဂျစ်တယ်စနစ်အသုံးချပြီး စွမ်းဆောင်ရည်အကဲဖြတ်တာတွေ၊ သင်ယူမှုစီမံခန့်ခွဲမှုတို့လို အင်္ဂါရပ်တွေနဲ့ JustLogin ကဝန်ထမ်းအင်အားဂေဟစနစ်တစ်ခုလုံးကို ထိထိရောက်ရောက်စီမံခန့်ခွဲပေးနိုင်ပါတယ်။ ဒါကြောင့်HR ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ အလုပ်ခွင်အတွက်အဆင်ပြေစေဖို့ JustLoginရဲ့Trial Packageကိုဒီနေ့ပဲစမ်းသပ်အသုံးပြုလိုက်ပါ။
Commentaires