top of page
Writer's pictureSamantha

သင့်ကုမ္ပဏီက လုပ်ခလစာ တွက်ချက်ဖို့လတိုင်းအချိန်တွေအများကြီးကုန်နေသေးလား?

Updated: Jun 20, 2023

လစဉ် လုပ်ခလစာတွက်ချက်ဖို့ စီမံရတာက အဖွဲ့အစည်းတိုင်းရဲ့ လုပ်ငန်းတွေမှာ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ သမားရိုးကျ လုပ်ခလစာ တွက်ချက်တဲ့ နည်းလမ်းတွေက အချိန်ကုန် အမှားတွေကျရောက်နိုင်ပြီး သိသိသာသာ အလုပ်လုပ်နိုင်စွမ်းအားတွေကိုကျဆင်းစေနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ လစဉ်လုပ်ခလစာတွက်ချက်မှုတွေအတွက် ဘယ်လောက်အချိန်ဖြုန်းနေတဲ့အကြောင်း သိနိုင်ပြီး အဲ့ဒီလုပ်ငန်းစဉ်ကို ချောမွေ့ထိရောက်စေတဲ့ ဖြေရှင်းချက်အကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Workload

လစာတွက်ချက်မှုရဲ့ဝန်ထုပ်ဝန်ပိုး


လုပ်ခလစာအတွက် စီမံခြင်းမှာ လစာတွက်ချက်ခြင်း၊ နုတ်ယူခြင်း၊ အခွန်များနဲ့ အခြားဝန်ထမ်းများရဲ့ခံစားခွင့်တွေ အပါအဝင် ရှုပ်ထွေးသော အလုပ်များ ပါဝင်ပါတယ်။ သမားရိုးကျနည်းလမ်းတွေက ပင်ပန်းခက်ခဲရုံသာမကပဲ မှားယွင်းစွာ တွက်ချက်မှုတွေကိုအမြဲ ကြုံရလေ့ရှိပါတယ်။ရှေးရိုးစွဲနည်းလမ်းတွေကHR ဝန်ထမ်းတွေဆီက များပြားလှတဲ့ အချိန်နဲ့ အားထုတ်မှုကို လိုအပ်ပြီး လစဉ် သူတို့ အလုပ်ချိန်ရဲ့ အစိတ်အပိုင်းတော်တော်များများကို အသုံးပြုရပါတယ်။


လုပ်ခလစာတွက်ချက်မှုမှာ အချိန်ဖြုန်းတဲ့ ပမာဏက အဖွဲ့အစည်းအရွယ်အစား၊ ဝန်ထမ်းအရေအတွက်နှင့် လစာဖွဲ့စည်းပုံ၏ ရှုပ်ထွေးမှုတို့အပေါ်မှာလည်း မူတည်ပါသေးတယ်။ လုပ်ငန်းငယ်တွေအတွက် အလုပ်ချိန်နာရီများစွာ ကြာနိုင်ပြီး ဝန်ထမ်းထောင်နှင့်ချီရှိတဲ့ အဖွဲ့အစည်းကြီးတွေအတွက် လုပ်ငန်းစဉ်ပြီးမြောက်ဖို့ ရက် သို့မဟုတ် သီတင်းပတ်များ အများကြီးသုံးဖို့ လိုအပ်နိုင်ပါတယ်။


အဲ့ဒီအပြင် လုပ်ခလစာတွက်ချက်မှုတွေမှာ အမြဲပြောင်းလဲနေတဲ့ အခွန်စည်းမျဉ်းတွေ ဥပဒေလိုက်နာမှု လိုအပ်ချက်တွေနဲ့ ဝန်ထမ်းဆိုင်ရာ အလုပ်တွေမှာ လိုအပ်တဲ့နည်းလမ်းအသစ်တွေကိုသိရှိနေဖို့လိုအပ်ပါတယ်။ HR ဆိုင်ရာဌာနတွေက တိကျမှုနဲ့ လုပ်ငန်းစည်းမျဉ်းတွေကိုသေချာလိုက်နာနိုင်ဖို့အချိန်ပိုရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး လုပ်ခလစာတွက်ချက်မှုတွေမှာလည်း အသုံးပြုတဲ့ စုစုပေါင်းကြာချိန်ကို ပိုမိုတိုးချဲ့ရမှာဖြစ်ပါတယ်။



အလိုအလျောက်လစာပေးစနစ်များအသုံးပြုခြင်း။


ကိုယ်တိုင်လုပ်ခလစာ တွက်ချက်မှုတွေနဲ့ ဆက်စပ်နေတဲ့ ထိရောက်မှု မရှိတာတွေ အချိန်ဖြုန်းနေတာတွေကို ဖြေရှင်းဖို့အတွက် အဖွဲ့အစည်းတွေက အလိုအလျောက် လစာပေးသည့်စနစ်တွေကို အသုံးပြုလာကြပါတယ်။ အဲ့ဒီ အဆင့်မြင့်ဆော့ဖ်ဝဲလ်ဖြေရှင်းနည်းတွေက တိကျတယ် လိုက်လျောညီထွေရှိမှုကို တိုးမြှင့်စေတယ် နောက်ပြီး လစာပေးချေမှုလုပ်ဆောင်တာတွေအတွက် လိုအပ်သည့်အချိန်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

အလိုအလျောက်လစာပေးစနစ်တွေက လက်ရှိ HR ရော စာရင်းကိုင်ဆော့ဖ်ဝဲလ်တွေနဲ့ ချောမွေ့စွာ ပေါင်းစပ်နိုင်ပြီး ဒေတာလွှဲပြောင်းမှုကို ချောမွေ့စေတယ် လူကိုယ်တိုင် ဒေတာထည့်သွင်းစရာမလိုပဲ နောက်ဆုံးပေါ်ဥပဒေ စည်းမျဉ်းဘောင်များကို လိုက်နာရင်း လစာတွက်ချက်တာတွေ နုတ်ယူတာတွေ၊ အခွန်နဲ့ အခြားအကျိုးခံစားခွင့်တွေအပါအဝင် လစာတွက်ချက်မှုတွေကို အလိုအလျောက်လုပ်ဆောင်ပေးပါတယ်။


HR solutions

အလိုအလျောက်စနစ်တွေကို အသုံးချပြီး HR ဝန်ထမ်းတွေက လစာငွေပေးချေမှုကို အလျင်အမြန် ပြီးမြောက်အောင်လုပ်ဆောင်နိုင်တယ်။ ကုန်ဆုံးရမည့်ကြာချိန်ကိုလည်း ရက်အနည်းငယ်ကနေ နာရီအနည်းငယ်အထိ လျှော့ချနိုင်ပါတယ်။ ဒီစနစ်တွေက ရှုပ်ထွေးနေတဲ့ လုပ်ခလစာဖွဲ့စည်းပုံတွေကို ကိုင်တွယ်နိုင်ဖို့နဲ့ မတူညီတဲ့ လစာအတိုင်းအတာတွေ အချိန်ပိုတွက်ချက်မှုတွေ အပြောင်းအလဲကွဲပြားမှုတွေ နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ တီထွင်ထားပါတယ်။


ဒါ့အပြင် အလိုအလျောက်လစာပေးသည့်စနစ်တွေက လုပ်ခလစာဒေတာကို အချိန်နှင့်တစ်ပြေးညီ မြင်နိုင်စွမ်းရှိစေပြီး ပြည့်စုံသောအစီရင်ခံစာများထုတ်ပေးကာ လစာဖြတ်ပိုင်းတွေကို ချက်ချင်းထုတ်ပေးနိုင်ပါတယ်။ လူကိုယ်တိုင် စာရွက်စာတမ်းပြင်ဆင်မှု လိုအပ်မှုတွေကို ဖယ်ရှားပေးပြီး ဝန်ထမ်းများရဲ့ လစာအသေးစိတ်အချက်အလက်တွေကို လုံလုံခြုံခြုံနှင့် အဆင်ပြေစွာ ဝင်ရောက်ကြည့်ရှုနိုင်စေပါတယ်။ ဒီစနစ်တွေက တိကျတဲ့အခွန်အစီရင်ခံချက်တွေကို အလိုအလျောက်ထုတ်ပေးပြီး အီလက်ထရွန်းနစ်စနစ်နဲ့ တင်သွင်းမှုတွေကို လွယ်ကူချောမွေ့စေတယ်၊ အချိန်ကုန်သက်သာစေပြီးတော့ အမှားအယွင်းများဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပြီး အခွန်ကောက်ခံသည့်လုပ်ငန်းစဉ်များကို ချောမွေ့နိုင်စေပါတယ်။


ဒီလိုဖြေရှင်းနည်းတွေက လုပ်ခလစာ စီမံဆောင်ရွက်မှုကို ရိုးရှင်းစေပြီး တိကျမှုကို မြှင့်တင်နိုင်တယ်၊ လိုက်လျောညီထွေရှိစေတယ် အချိန်အပိုင်းအခြားတစ်ခုအတွင်မှာ ပြီးပြည့်စုံတဲ့ အစီရင်ခံစာတွေကိုလည်း ဖန်တီးပေးပါတယ်။ သက်သာသောလစာပေးချေမှုလုပ်ငန်းတွေးနဲ့အတူ၊ HR ဝန်ထမ်းတွေက အဖွဲ့အစည်းအတွင်းမှာ အခြားသောလိုအပ်တဲ့အလုပ်တွေအပေါ်ကို ပိုမိုအာရုံစိုက်နိုင်ပါတယ်။ အလိုအလျောက်လုပ်ခလစာတွက်တဲ့စနစ်တွေကို လက်ခံကျင့်သုံးတာက အချိန်ကုန်သက်သာစေတယ်၊ တိကျမှန်ကန်မှုနဲ့ အလုံးစုံလည်ပတ်မှုထိရောက်မှုရှိအောင်လည်း ပြုလုပ်နိုင်လို့အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။

JustLogin ဖြင့် cloud-based HR ကို စတင်လိုက်ပါ။


JustLogin ဆိုတာက အသေးစားကနေ အလယ်အလတ်စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ လုပ်ခလစာ၊ ခွင့်တွေနဲ့ ကုန်ကျစရိတ်တောင်းဆိုမှုတွေကို အလိုအလျောက်တွက်ချက်ပေးနိုင်တဲ့ cloud-based HR အက်ပ်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ HRလိုအပ်ချက်အစုံအလင်ကို ပေးဆောင်နိုင်တဲ့ ပလပ်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် HR ဖြေရှင်းချက်အတွက်ဆိုရင် JustLogin ကိုသာဆက်သွယ်လိုက်ပါ။

ဒီနေ့ ပဲ JustLogin ကိုဆက်သွယ်ပြီး သင်ရဲ့ HR လုပ်ငန်းစဉ်တွေကို ချောမွေ့အောင်၊ ဝန်ထမ်းစီမံခန့်ခွဲမှုကို ရိုးရှင်းစေဖို့နဲ့ သင့်ကုမ္ပဏီရဲ့ အလုံးစုံစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ လှုပ်ရှားလိုက်ပါ။ JustLogin ကအသုံးပြုရလွယ်ကူတဲ့ပလက်ဖောင်း ဖြစ်ပြီး သင်ရဲ့ HR လိုအပ်ချက်အားလုံးကိုဖြည့်ဆည်းပေး နိုင်ပါတယ်။


ဒီလို အခမဲ့အစမ်းသုံးကြည့်ပြီး JustLogin ရဲ့ ပင်မလုပ်ဆောင်နိုင်စွမ်းများအားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး သင့်လုပ်ငန်းအသွားအလာကို ပြောင်းလဲနိုင်ပုံကို ကိုယ်တွေ့အတွေ့အကြုံကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ Justlogin နဲ့ အခုပဲ အခမဲ့ အစမ်းသုံးမှုကို စတင်လိုက်ပါ။



7 views0 comments

Comments


bottom of page