HR တာဝန်နဲ့ နှစ်ပေါင်းများစွာ တာဝန်ယူဆောင်ရွက်နေသူများအတွက်တော့ မိရိုးဖလာလုပ်ရိုးလုပ် စဉ်များဖြစ်တဲ့ စာရွက်များ၊ ဖိုင်များစွာဖြင့် အချက်အလက်များကို စုဆောင်းပြီးမှ ဆုံးဖြတ်ချက် ချမှတ်ရခြင်းဟာ ကွန်ပျူတာတွင်း ဒေတာများထည့်သွင်းသိမ်းဆည်းပြီး ဆောင်ရွက်ရခြင်းထက် နှောင့်နှေးခက်ခဲတယ်ဆိုတာ သိထားကြပြီးဖြစ်မှာပါ။ အဖွဲ့အစည်း အတော်များများအနေနဲ့ သမရိုးကျ လုပ်ငန်းစနစ်များမှ ခွဲထွက်ပြီး Cloud-based HR စနစ်ကို ပြောင်းလဲသုံးစွဲဖို့အတွက် တော်တော်လေး တွေဝေလေ့ရှိကြပါတယ်။ ဒါကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ တီထွင်ဆန်းသစ်မှုတွေထဲက တစ်ခုဖြစ်တဲ့ Cloud-based HR ရဲ့ အကျိုးကျေးဇူး အင်မတန်များလှတာ ကို ရှင်းလင်းစွာ သိရှိဖို့လိုအပ်တာကြောင့် မျှဝေပေးလိုက်ပါတယ်။
Cloud-Based HR ဝန်ဆောင်မှုဆိုတာ ဘာလဲ?
ရုံးတွင်းနှင့် Cloud-Based HR စနစ်ကြား အခြေခံကွာခြားချက်များကတော့ လုပ်ငန်း စွမ်းဆောင်ရည်ကောင်းမွန်ခြင်း၊ ထိရောက်မှုရှိခြင်းနှင့် ထိန်းသိမ်းရလွယ်ကူခြင်း တို့ဘဲ ဖြစ်ပါတယ်။ များသောအားဖြင့် အချို့သော ကုမ္ပဏီများမှာ HR စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များအတွက် တစ်ခု ထက်ပိုသော Software ကို အသုံးပြုလေ့ရှိတာကို တွေ့ရပါတယ်။
ဒီ Software များကို ဝယ်ယူ၊ Install လုပ် ပြီးလျှင် တစ်ဦးချင်းစီအတွက် ထိန်းသိမ်းပေးရတာကြောင့် ကုန်ကျစရိတ်လည်း သိသိသာသာများပြားပါတယ်။ ဒါ့အပြင် On-Premise Software တပ်ဆင်ထားတဲ့ ကွန်ပျူတာရှိသော နေရာတွင်သာ အသုံးပြုလို့ရပါတယ်။
ဒါကြောင့် Cloud-Based ဝန်ဆောင်မှုများကို ကြည့်မယ်ဆိုရင်တော့ အခြား Software များနဲ့ မတူညီဘဲ အင်တာနက်ရရှိနိုင်သော မည်သည့်နေရတာမှာမဆို ဝင်ရောက်အသုံးပြုနိုင်ပြီး Google Documents များမှာ ဖိုင်များသိမ်းဆည်းသကဲ့သို့ အလွယ်တကူသိမ်းဆည်းနိုင်တာ ဖြစ်လို့ အတော်လေးအဆင်ပြေလှပါတယ်။
Cloud-Based HR Services ၏ အကျိုးကျေးဇူးများ
အဖွဲ့အစည်းများအနေနဲ့ လုပ်ငန်းခွင်အတွင်း အောင်မြင်မှုရရှိရေးဟာ အခရာကျတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ ဒီလိုအရေးပါလှတဲ့ အချက်ကို ဖြည့်ဆည်းဖို့အတွက် အသုံးဝင်လှတဲ့ Cloud-Based HR ဝန်ဆောင်မှုရဲ့ အကျိုးကျေးဇူးများကို လေ့လာကြည့်ကြရအောင်။
အလုပ်တွင်ကျယ်ထိရောက်မှုကို ပံ့ပိုးပေးခြင်း
နေ့စဉ် HR ရဲ့ လုပ်ငန်းတာဝန်များမှာ အချိန်နှင့်ငွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်များဘဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်လုပ်ငန်းမှာ လုပ်ငန်းတွင်းသုံး On-premise HR software ကို အသုံးပြုမယ်ဆိုရင်တော့ မတူကွဲပြားတဲ့ လုပ်ငန်းဆောင်တာများအတွက် Program များစွာလိုအပ်တဲ့ အပြင် ထိန်းသိမ်းဖို့ ကုန်ကျစရိတ်ဟာလည်း များပြားတာကြောင့် လုပ်ငန်းတွင်ကျယ် ထိရောက်မှုနှင့် အကျိုးအမြတ်များကို ထိခိုက်စေပါတယ်။ ဒီလိုပြသနာများကို Cloud-Based HR software က လျော့ချပေးနိုင်ပြီး တစ်ခါဝယ်ယူပြီးတာနဲ့ ထပ်ခါ ထပ်ခါဝယ်ယူရန်မလိုအပ်တော့ပါဘူး။ Online စနစ်ဖြစ်တာကြောင့် အမှားအယွင်းတစ်စုံ တစ်ရာရှိပါက အလွယ်တကူ ပြုပြင်နိုင်ပြီး ကုန်ကျစရိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။ အကြီးမားဆုံးသော အကျိုးအမြတ်ကတော့ Cloud-based စနစ်တစ်ခုတည်းကနေ Login ဝင်ပြီးတာနဲ့ များပြားလှသော လုပ်ငန်းဆောင်တာများကို ဌာနခွဲများကြား ချိတ်ဆက်ပေး နိုင်တာကြောင့် အချင်းချင်းလိုအပ်သလို မျှဝေ၊ ပြောင်းလဲ၊ စီမံပြီး အချက်လက်များကို အချိန်နှင့် တပြေးညီ စနစ်တကျ ထိန်းချုပ်ကွက်ကဲနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေခြင်း
On-premise software များဟာ တပ်ဆင်ထားသော ရုံခန်း၊ သတ်မှတ်နေရာများမှာသာ အသုံးပြုနိုင် တာကြောင့် ကန့်သတ်ချက်များစွာ ရှိနေပါတယ်။ Cloud-Based စနစ်ဟာ အင်တာနက်မှတစ်ဆင့် အလွယ်တကူအသုံးပြုနိုင်ပြီး ကွန်ပြူတာမှာသာမက ဖုန်း၊ tablets စတဲ့ ကိရိယာများမှာပါ အဆင်ပြေစွာ အသုံးပြုနိုင်တာကြောင့် ရုံးပြင်ပမှာပါ လူတိုင်းအလုပ်လုပ်နိုင်စေဖို့ ကူညီပေးပါတယ်။ ဒီအချက်ဟာ Remote worker များအတွက် အရမ်းအသုံးဝင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ HR မန်နေဂျာများကလည်း အခုဆိုရင် Cloud-Based ရဲ့ အကျိုးကျေးဇူးများဖြစ်တဲ့ ဝန်ထမ်းများကြား လျှင်မြန်စွာ ဆက်သွယ်နိုင်ခြင်း၊ စီမံကိန်းများအား လွယ်ကူစွာ စီမံနိုင်ခြင်း စတာတွေကို သိရှိလက်ခံလာကြပြီ ဖြစ်ပါတယ်။
အလုပ်ခန့်အပ်ခြင်းဆိုင်ရာ စီမံခန့်ခွဲခြင်းများအား ပိုမိုထိရောက်တိုးတက်စေခြင်း
အရည်အချင်းပြည့်၀သော ဝန်ထမ်းများကို ခန့်အပ်ခြင်းဆိုတာ ကုမ္ပဏီများရဲ့ ဦးစားပေး ကဏ္ဍ တစ်ခုပါ။ ယနေ့အထိ ဝန်ထမ်းများခန့်အပ်ရာမှာ လူသားများရဲ့ ဆုံးဖြတ်ချက်အပေါ် ကြီးမားစွာ မှီခိုလျှက်ရှိပါသေးတယ်။ တကယ်လို့ သင့်ကုမ္ပဏီမှာ Cloud ကို အသုံးပြုမယ်ဆိုရင်တော့ Deep learning algorithms ဖြင့် အရေးပါတဲ့ အချက်များ၊ Keyword များကို မှတ်သားထားပြီး လိုအပ်သော စံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိကို စိစစ်ပေးတာတာကြောင့် ကုမ္ပဏီအတွက် ဝန်ထမ်း ကောင်းများရရှိစေရေးကို ပံ့ပိုး ကူညီပေးမှာ ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရရင်တော့ cloud-based programs ဟာ on-premise ထက်များစွာ အကျိုးရှိပြီး အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို သယ်ပိုးပေးတာကြောင့် မလိုအပ်တဲ့ ပြသနာများနှင့် ကုန်ကျစရိတ်များကို လျော့ချပေးပါတယ်။ ဒါကြောင့်လည်း HR အများစုဟာ cloud-based စနစ်ကို ပိုမိုစိတ်ဝင်စားပြီး အသုံးပြုလာကြပြီဖြစ်ပါတယ်။ Cloud-based HR စနစ်ဟာ လုပ်ငန်းမှ ချမှတ်ထားသော ပန်းတိုင်ကို ရောက်ရှိစေဖို့ ကူညီထောက်ပံ့ပေးနိုင်တဲ့ အရာတစ်ခုဖြစ်တာကြောင့် အဖွဲ့အစည်းများ အနေနဲ့ အသုံးပြုဖို့လက်မနှေးသင့်ပါဘူးလို့ အကြုံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။
Bình luận