top of page
Writer's pictureYi Ting

စီးပွားရေးကျဆင်းနေတဲ့ ကာလမှာ ဝန်ထမ်းတွေရဲ့ စိတ်ပင်ပန်းမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ


ဝန်ထမ်းတွေရဲ့ စိတ်ပင်ပန်းမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လုပ်ငန်းခွင်အတွင်း ဖြစ်နိုင်ပြီးတော့ “လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ဖြစ်ရပ်” တစ်ခုအဖြစ် ကြောငြာချက်ထုတ်ပြန်ပြီးကတည်းက ခက်ခဲတဲ့ ပြဿနာတစ်ရပ် ဖြစ်နေပါ တော့တယ်။ လုပ်ငန်းခွင်အတွင်း အခက်အခဲတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။


စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါ အချိန်နဲ့အမျှ ဝန်ထမ်းတွေစိတ်ပင်ပန်းတာ မရှိရင်တောင် စီးပွားရေး ကျဆင်းနေချိန် မှာတော့ အားနည်းချက်တွေ ရှိလာနိုင်ပါတယ်။


ဝန်ထမ်းတွေကို အပိုတာဝန်တွေယူခိုင်းတာ ဒါမှမဟုတ် လုပ်ငန်းလည်ပတ်ဖို့ အလုပ်ချိန် တိုးမြင့်တာတွေ လုပ်ခိုင်းနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းကြပ်တည်းနေတဲ့ အချိန်တွေပေါ်လိုက်ပြီးတော့ လုပ်ငန်းတိုးချဲ့ဖို့ ဒါမှမဟုတ် ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ အချိန်တွေမှာဆိုရင် စိတ်ဖိစီးမှုတွေက ပိုပြီးတော့တောင် များလာနိုင်ပါသေးတယ်။ တစ်ခါတစ်လေမှာတော့ ဒါတွေဟာဝန်ထမ်းတွေကို စိတ်တက်ကြွစေတယ်၊ ပညာတွေပိုရစေတယ် ဆိုပေမယ့် စိတ်ဖိစီးမှုတွေ စိတ်ပင်ပန်းတဲ့ဒဏ်တွေကိုလည်း ဖြစ်လာစေပါတယ်။


အမှန်တစ်ကယ် အောင်မြင်တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုမှာ ပထမဆုံးအနေနဲ့ ဒီအချက် (၃) ချက် လိုအပ်ပါတယ် –

  • ထုတ်ကုန်ပစ္စည်းကောင်းတစ်ခုရှိတာ

  • လုပ်ငန်းကို ရေရှည်လည်ပတ်စေနိုင်တဲ့ စနစ်၊ လုပ်ငန်း ကြီးထွားဖို့အထောက်အပံ့တွေနဲ့ နောက်ထပ် အရေးအကြီးဆုံးကတော့

  • စိတ်အားးထက်သန်တဲ့ အသင်းအဖွဲ့တစ်ဖွဲ့လိုပါတယ်။

ဒါပေမယ့်လို့ ခက်ခဲတဲ့ အချိန်တွေမှာဆိုရင် ဝန်ထမ်းတွေကို သတိမထားမိဘဲ ဖြစ်တတ်ပါတယ်။


ဝန်ထမ်းတွေရဲ့ စိတ်ပင်ပန်းမှုဒဏ်တွေ ကြုံတွေ့နေရပြီဆိုတဲ့ လက္ခဏာများကတော့


ဝန်ထမ်းတွေရဲ့ စိတ်ပင်ပန်းကြရတယ်ဆိုတာက ပြဿနာအသစ်အဆန်းတစ်ခုရယ်လို့တော့ မဟုတ်ပါဘူး စီးပွားရေး ကျဆင်းတဲ့ အခြေအနေတွေမှာဖြစ်ပေါ်တဲ့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ အမေရိကန် ဝန်ထမ်း ၇,၅၀၀ ကိုလေ့လာဆန်းစစ်ချက်တွေအရ ၂၃% သောဝန်ထမ်းတွေဟာ တစ်ခါတစ်လေ ဒါမှမဟုတ် အမြဲတမ်းလိုလို စိတ်ပင်ပန်း တက်ကြပြီးတော့ တခြား ၄၄% ကတော့ တစ်ခါတစ်လေမှပဲ စိတ်ပင်ပန်း တတ်ကြပါတယ်။ နောက်ပြီး Cigna ရဲ့ လတ်တလော ဖော်ပြထားတဲ့ စစ်တမ်းအရ စင်္ကာပူလူမျိုးတွေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အလုပ်လုပ်တဲ့အချိန် စိတ်ဖိစီးမှုအများဆုံး ဖြစ်ပါတယ်။ အလုပ်ကိုအဆက်မပြတ်လုပ်ရတဲ့ အစဉ်အလာအရ ၉၂% သော ဝန်ထမ်းတွေက အလုပ်မှာ စိတ်ဖိစီးရကြောင်းနဲ့ (၈) ယောက်မှာ (၁) ယောက်က သူတို့ရဲ့စိတ်ဖိစီးမှုတွေက ထိန်းချုပ်လို့ မရဘူးလို့ ပြောပါတယ်။


WHO ကတော့ လုပ်ငန်းခွင်စိတ်ပင်ပန်းရတာကို “သေသေချာချာ စီမံခန့်ခွဲနိုင်မှု မရှိသေးတဲ့ လုပ်ငန်းခွင်ရောဂါတစ်ခု” ဆိုပြီး အဓိပ္ပာယ်ဖွင့်ထားပါတယ်။ နောက်ပြီး အဖွဲ့အစည်းတွေက တရားဝင်ထုတ်ပြန်ချက်တွေ အထူးသဖြင့် လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ ရှင်းလင်းချက်တွေဖြစ်ပြီးတော့ “တစ်ခြားပုံစံမျိုးနဲ့လည်း ဖော်ပြပေးလို့ မရနိုင်ပါဘူး” ။


ဖော်ပြထားတဲ့ အချက် (၄) ချက်ကတော့ လုပ်ငန်းမှာ တကယ်စိတ်ပင်ပန်းစရာတွေ ရင်ဆိုင်ရတော့မယ် ဆိုတာကို ဖော်ပြပေးမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

  • ဝန်ထမ်းတွေ စိတ်ပင်ပန်းခြင်း

စီးပွားရေးကျဆင်းနေတဲ့ အခြေအနေတစ်ခုမှာ လုပ်ငန်းကိုရုန်းကန်ဖို့ လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုအရမ်းများစေနိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ အလုပ်အကိုင် တည့်တံ့ရေးနဲ့ ပက်သက်ပြီး တော့လည်း စိုးရိမ်ပူပန်မှုတွေ ရှိကောင်းရှိနိုင်ပါသေးတယ်။


ပြီးတော့ မိတ်ဆွေရဲ့ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ အိမ်ကိုပါ အလုပ်တွေသယ်သွားရမယ်ဆိုရင် သူတို့ရဲ့အားလပ်ချိန်နဲ့ အိပ်ချိန်တွေထိပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။ နောက်ဆုံးပြောရရင်တော့ စိတ်ပင်ပန်းနေရတဲ့ ဝန်ထမ်းအနေနဲ့ သူ့ရဲ့ အလုပ်လုပ်ရတဲ့ နေ့ရက်တိုင်းက စိတ်ပင်ပန်းစရာတွေပဲ ဖြစ်နေမှာပါ။


ဝန်ထမ်းတွေအနေနဲ့ တစ်နေ့တာ အလုပ်ချိန် ကုန်ဆုံးသွားတာနဲ့ အလုပ်နဲ့ ပက်သက်တာတွေအားလုံးကို အလုပ်မှာပဲ ချန်ထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ပင်ပန်းနေတဲ့ အချိန်မှာတော့ ဒီလိုလုပ်ဖို့ဆိုတာ ခက်ခဲလာပါတယ်။

  • အမှားများလာခြင်း

ရုန်းကန်နေရတဲ့ အခြေအနေတစ်ခုမှာ လုပ်ငန်းကိုပြန်လည်ပတ်နိုင်ဖို့ ဝန်ထမ်းတွေကို အလုပ်တွေအများကြီး မြန်မြန်ဆန်ဆန်လုပ်ခိုင်းမယ် ဒါမှမဟုတ် တခြားအလုပ်တွေကိုပါ လုပ်ခိုင်းမယ်ဆိုရင် အမှားတွေပိုပိုပြီး လုပ်လာ ကြပါလိမ့်မယ်။ နောက်ပြီး ဒီလိုအမှားမျိုးတွေက ငွေကြေးအရကော ဘေးကင်းလုံခြုံမှုအရပါ ကြည့်မယ် ဆိုရင် အကုန်အကျများနိုင်ပါတယ်။


ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မိတ်ဆွေရဲ့လုပ်ငန်းက Recurring Revenue Model ပုံစံနဲ့ လည်ပတ်နေတဲ့ လုပ်ငန်း ဆိုရင် အမှားသေးသေးလေး တစ်ခုကို တစ်စုံတယောက်က သတိမထားမိမချင်း ကုန်ကျစရိတ်တွေ ထပ်တလဲလဲ ဖြစ်နေနိုင်ပါတယ်။


အလုပ်ခွင်အတွင်း ဝန်ထမ်းတွေရဲ့ စိတ်ပင်ပန်းမှုဒဏ်တွေက ၂၀၀၄ ခုနှစ်အတွင်း အလုပ်သမား ၁၀၀,၀၀၀ မှာ ၄.၉ ကနေ ၂၀၁၉ ခုနှစ်မှာ ၁.၁ အထိ လျော့ကျလာပြီ ဖြစ်တဲ့အတွက် ၁ ထပ်နည်းအောင်လုပ်ဖို့အတွက် ရည်မှန်းထားကြပါတယ်။ အခြား OECD (၄) နိုင်ငံပဲ ဒီလို လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်နိုင်သေးတာ ဖြစ်ပါတယ်။

  • အလုပ်ပျက်ကွက် ပိုမိုများပြားလာခြင်း

ပျက်ကွက်တတ်တဲ့ အကျင့်ဆိုတာကတော့ အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ ဝန်ထမ်းက ဖျားနာခွင့် ခဏခဏ ယူတာကို ပြောခြင်းဖြစ်ပါတယ်။ အချို့ခန့်မှန်းချက်တွေအရ ကျန်းမာရေးကြောင့် ပျက်ကွက်မှု ကုန်ကျစရိတ်က တစ်နှစ်မှာ ဝန်ထမ်းတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၁,၆၈၅ ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ အမေရိကန်နိုင်ငံမှာ ဝန်ထမ်းတွေ လုပ်ငန်းခွင်စိတ်ပင်ပန်းရာကနေ လုပ်ငန်းအတွက် တစ်နှစ် ဒေါ်လာ ၃၀၀ ဘီလီယံကျော် ကုန်ကျသွားနိုင်ပါတယ်။ ၂၀၃၀ ခုနှစ်မှာ စင်္ကာပူနိုင်ငံအတွက် လုပ်ငန်းခွင် ပျက်ကွက်မှုကြောင့် ဒေါ်လာ ၃.၃ ဘီလီယံ ကုန်ကျနိုင်တယ်လို့ မျှော်မှန်းထားပြီး ၂၀၁၆ ခုနှစ် နဲ့ယှဉ်မယ် ဆိုရင် ၄၃% မြင့်တက်သွားနိုင်တာ ဖြစ်ပါတယ်။


ကျန်းမာရေးကြောင့် ပျက်ကွက်မှုမှာ ငွေကြေးဆိုင်ရာ အကျိုးသက်ရောက်မှုအပြင် အခြားသူတွေကလည်း အလုပ် မလာတဲ့ ဝန်ထမ်းရဲ့ ပစ္စည်းတွေကို ယူတဲ့ကိစ္စတွေ ဖြစ်နိုင်ပါသေးတယ်။ လုပ်ငန်းတစ်ခုက ရုန်းကန်နေရပြီးတော့ အားလုံး ကလည်း အကူအညီလိုအပ်နေတဲ့အချိန်မှာ ဒီလိုကိစ္စမျိုးက ပိုပြီးတောင်ဖြစ်လာ နိုင်ပါသေးတယ်။

  • အလုပ်မှာ အချိန်ဖြုန်းခြင်း

အလုပ်မှာ အချိန်ဖြုန်းခြင်းဆိုတာကတော့ ဝန်ထမ်းတစ်ယောက် စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နေမကောင်း ဖြစ်မယ် ပြီးတော့ အလုပ်မှာ နေ့တိုင်းရှိတာ စောမပြန်တာတွေ ဖြစ်ပါတယ်။ အလုပ်လည်း သိပ်မပြီးတဲ့အပြင် အလုပ်အတွက် လည်း အခက်အခဲတွေ ကြုံတွေ့ရစေနိုင်ပါတယ်။


ဝန်ထမ်းတွေအနေနဲ့ စိတ်ပင်ပန်းလာကြပြီးတော့ စိတ်ထိခိုက်လာကြမယ်ဆိုရင် တကယ်ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ တောင် လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းအားတွေ ကျဆင်းလာမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်တွေ ကျော်လာမယ်၊ ဝန်ထမ်းတွေ အနေနဲ့လည်း စိတ်တွေပါ ပျံ့လွင့်လာမှာ ဖြစ်ပါတယ်။


Centers for Disease Control and Prevention (CDC) ကတော့ ဒီလိုကိစ္စရပ်တွေကြောင့် အမေရိကန်နိုင်ငံမှာ ဝန်ထမ်းတစ်ယောက်ကို အမေရိကန်ဒေါ်လာ ၁,၆၈၅ ဒါမှမဟုတ် တစ်နှစ်မှာ ဒေါ်လာ ၂၂၆ ဘီလီယံ နီးပါးဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဝန်ထမ်းတွေစိတ်ပင်ပန်းပြီး အမှားတွေလုပ်လာတာ၊ ဝယ်ယူသူတွေ လျော့နည်းသွားတာ၊ ပျက်ကွက်မှုတွေနဲ့ ဒီလိုဖော်ပြမှုတွေ စတဲ့အပေါ်ကဒီလို အချက်တွေကို သတိထားမိလာမယ်ဆိုရင် မိတ်ဆွေနဲ့ မိတ်ဆွေရဲ့ ဝန်ထမ်းတွေနဲ့ပက်သက်ပြီး ပြောင်းလဲမှု တစ်ခုခုပြုလုပ်ဖို့ လိုလာပြီဖြစ်ပါတယ်။


ဝန်ထမ်းတွေစိတ်ပင်ပန်းတာကို သေချာထိန်းချုပ်နိုင်မယ့် အချက် (၅) ချက်

ဒါဆိုရင် လုပ်ငန်းတစ်ခုအနေနဲ့ ဝန်ထမ်းတွေအတွက် အားကောင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ စိတ်ပင်ပန်းတာတွေ မေ့ပျောက် သွားအောင် ဘယ်လိုလုပ်နိုင်မလဲ?


၁။ ဝန်ထမ်းများလုပ်ဆောင်ရမယ့် တာဝန်ကိုရှင်းရှင်းလင်းလင်း ဖော်ပြခြင်း


မိတ်ဆွေရဲ့ လုပ်ငန်းဟာ စီးပွားရေးစိန်ခေါ်မှုတွေအောက်မှာ ရင်ဆိုင်နေရတဲ့အတွက် အကျိုးအမြတ်တွေ တိုးလာဖို့ အတွက် မိတ်ဆွေရဲ့ ဝန်ထမ်းတွေအနေနဲ့ စိတ်ပင်ပန်းနေစရာ မလိုအပ်ပါဘူး။ ဝန်ထမ်းတွေ စိတ်ပင်ပန်းတာ ပျောက်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သူတို့လုပ်ရမယ့် တာဝန်တွေကို သေချာဖော်ပြပေးတာပဲ ဖြစ်ပါတယ်။


နောက်ပြီး တာဝန်တွေ လုပ်ဆောင်ချက်တွေကို ပြန်ထိန်းချုပ်ဖို့အတွက်လည်း back-up plan ကိုသေချာချထားဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ အောင်အောင် က Project အသစ်တစ်ခုကို လုပ်နေရပြီဆိုရင် မောင်မောင် ကလည်း သူ့ရဲ့ လုပ်နေကျ အလုပ်တွေနဲ့ သူ့ကိုကူညီပေးနိုင်မယ် ဒီလိုဆိုရင် သူ့အတွက်လည်း Project အသစ်ပြီးသွားတဲ့ခါ စိတ်ပင်ပန်း နေရတာမျိုးတွေလည်း မရှိတော့ပါဘူး။


ဝန်ထမ်းတွေကို တခြားသူတွေရဲ့ အလုပ်ကိုလုပ်ကူဖို့ တောင်းဆိုတဲ့အခါ communication ကလိုအပ်လာပါပြီ။ အောင်အောင် နဲ့ မောင်မောင် နှစ်ယောက်လုံးက ဒီလုပ်ငန်းနှစ်ခုလုံးအတွက်လည်း လိုအပ်ရင် လိုအပ်သလို အဆင်ပြေပြေနဲ့ ပြောင်းလဲနိုင်ဖို့တော့ လိုအပ်ပါတယ်။ သူတို့ဘက်ကလည်း လိုအပ်လာတဲ့အခါ “ဒီလိုလုပ်ပေးလို့ အဆင်ပြေပါတယ်” ဆိုပြီး respect ထားကြဖို့ လိုပါတယ်။


၂။ အကောင်းဘက်ကတွေးခြင်း


သေသေချာချာနဲ့ အကောင်းဆုံးပြုလုပ်ထားတဲ့ အလုပ်တစ်ခုအတွက် ချီးကျူးခြင်း ဒါမှမဟုတ် အသိအမှတ်ပြုခြင်းက ဝန်ထမ်းတစ်ယောက်အတွက် တော်တော်လေးကို စိတ်ခွန်အားပေးနိုင်ပါတယ်။


သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောကျလို့ အလုပ်ခန့်အပ်ထားတာ ဖြစ်ပါတယ်။ လုပ်ငန်းကြီးမားလာဖို့အတွက် သူတို့လုပ်ဆောင်ခဲ့တာတွေကို မှတ်ထားပြီးတော့ ဒီလိုအခြေအနေမျိုးတွေရောက်တဲ့အခါ သူတို့လုပ်ပြခဲ့ တာတွေကို ပြန်အသိအမှတ်ပြုပေး သင့်ပါတယ်။


၃။ ပေါင်းသင်းဆက်ဆံရေး


ပေါင်းသင်းဆက်ဆံခြင်းဆိုတာကတော့ မျှော်မှန်းချက်တစ်ခု ဒါမှမဟုတ် Project တစ်ခုကို ကိုင်တွယ်ဖို့အတွက် တစ်စုံတစ်ယောက်ကို ချီးမွမ်းခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ Feedback တောင်းတာတွေနဲ့ ဆွေးနွေး တိုင်ပင်တာတွေ ဖြစ်ပါတယ်။


ဝန်ထမ်းတွေအနေနဲ့ Project အသစ်ရဲ့ ဘယ်အချက်တွေကို သဘောကျလဲ? ဘယ်အချက်တွေကို အကြိုက်ကြဘူးလဲ? နောက်အနာဂတ်မှာကော ဒီလိုမျိုး Project တွေ သူတို့လုပ်ချင်ကြလား? နောက်ထပ်အရေးအကြီးဆုံးက လက်ရှိ စီးပွားရေး အခြေအနေမျိုးနဲ့ ဒီလိုမျိုး ရင်ဆိုင်ရတာ သူတို့အနေနဲ့ ဘယ်လိုခံစားရလဲ? သူတို့ရဲ့တာဝန်တွေကို Work-from-home စနစ်နဲ့ပဲ အားလုံး လုပ်သွားကြတာလား? ဒီလို Pandemic ဖြစ်နေတဲ့အချိန်ကာလအတွင်းမှာ သူတို့ရဲ့ လုပ်ငန်းကို အထောက်အပံ့ပေးဖို့အတွက် သူတို့တာဝန်ကို ဘယ်လိုအကောင်းဆုံး လုပ်ခဲ့ကြသလဲ?


တက်တက်ကြွကြွနဲ့ ဝန်ထမ်းတွေရဲ့ ထင်မြင်ချက်တွေကို ရှာဖွေပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ထုတ်ရပါမယ်။ ဒီလိုလုပ်တာက လုပ်ငန်းခွင်မှာ သူတို့ရဲ့ စိတ်တွေကို ပေါ့ပါးစေပြီးတော့ အပြောင်းအလဲဖြစ်စေပြီးတော့ လုပ်ဆောင်ချက် တွေကိုလည်း ပိုပြီး ကောင်းမွန်လာစေပါတယ်။


သင့်ရဲ့ အလေးထားမှုကို ပြသပြီးတော့ လုပ်ငန်းရပ်တည်မှုနဲ့ ဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်တွေနဲ့ ပက်သက်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိခြင်းက လုပ်ငန်းတစ်ခု ရှေ့ဆက်ဖို့အတွက် လိုအပ်တဲ့စိတ်ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။


၄။ Culture ပေါ်လိုက်၍ ကုမ္ပဏီကို တည်ဆောင်ခြင်း


HubSpot ရဲ့ Co-founder နဲ့ CEO တစ်ယောက်ဖြစ်တဲ့ Brian Halligan ရဲ့ လတ်တစ်လော ဆောင်းပါးတစ်ပုဒ်မှာ သူ့ကုမ္ပဏီအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲ ဝန်ထမ်းတွေနဲ့ Culture အကြောင်းတွေကို ပြောပြထားပါတယ်။


“Startup လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းအင်အား ၂၀ ရှိပြီးတော့ ၁၅ ရာခိုင်နှုန်းကိုသာ ဆုံးရှုံးရမယ်ဆိုရင် လူသုံးယောက်ပါပဲ” လို့သူကရေးထားပါတယ်။ “ဒါက ထိန်းချုပ်နိုင်တဲ့အနေအထားဆိုပေမယ့် HubSpot မှာက ဝန်ထမ်းအင်အား ၆၀၀ လောက်ရှိပြီးတော့ မြန်မြန်ဆန်ဆန်ပဲတိုးတက်နေပါတယ်။ နောက်ထပ် ၁၂၀ လောက် ထပ်တိုးဖို့ ကြိုးစားနေတဲ့ အချိန်မှာ အယောက် ၉၀ လောက်ဆုံးရှုံးရတာက တော်တော်လေးကို အထိနာပါတယ်။


ဒီလိုအခြေအနေတွေကို ဖြေရှင်းဖို့အတွက် HubSpot က သက်ဆိုင်တဲ့ Culture ကို ပြန်တည်ဆောက်နိုင်ဖို့ အတွက် ဦးဆောင်နိုင်မယ့်လူတစ်ယောက် ငှားရမ်းပြီး လုပ်ငန်းကို ပြန်ထိန်းထားနိုင်ခဲ့ပါတယ်။


လုပ်ငန်းချဲ့ထွင်နိုင်မယ့် အဆင့်နဲ့ အပြိုင် ပြန်ပြီး ထိန်းသိမ်းမှုတွေ လုပ်နေရတယ်ဆိုရင် သင့်ကုမ္ပဏီရဲ့ Culture က သင့်ရဲ့ ဝန်ထမ်းတွေနဲ့ လုံးဝကို အချိတ်အဆက်မိနေဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်တာက အကောင်းဆုံးလေ့အကျင့်တွေ တင်မကပါဘူး အဓိကတန်ဖိုးရှိတာတွေကိုသူတို့အတွက် ရှေ့ဆက်ဖို့အတွက်လည်း ဖြစ်နိုင်ပါတယ်။ သူတို့နဲ့ ဆက်နွယ် နေနိုင်ပြီးတော့ သူတို့ကို တန်ဖိုးထားပြီးတော့ နေ့တိုင်းသူတို့ လာချင်တဲ့နေရာတစ်ခုဖြစ်အောင် လုပ်ပေး နိုင်ရပါမယ်။


၅။ ဝန်ထမ်းများကို ထွက်ပေါက်တစ်ခု ပေးခြင်း


စီးပွားရေးကျဆင်းတဲ့အခြေအနေကြောင့် ကုမ္ပဏီတစ်ခုမှ တစ်ခြားတစ်ခုကို ပြောင်းတာကကောင်းပေမယ့် အားလုံး ရင်းနှီးစရာတော့ မလိုပါဘူး။ ဝန်ထမ်းတွေအတွက် စိတ်အပန်းဖြေနိုင်မယ့် အရာတစ်ခု စီစဉ်ပေးသင့်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေမှာ နှိပ်နှယ်ပေးတာတွေ၊ GYM membership အတွက် လျှော့ဈေးစီစဉ်ပေးတာတွေ၊ ဝန်ထမ်းနေ့လည်စာစားပွဲတွေ ပြုလုပ်သင့်ပါတယ်။ Work-from-home စနစ်အတွက် အဆင်ပြေတဲ့အလုပ်ချိန် ဒါမှမဟုတ် ဝန်ထမ်းတွေအတွက် စိတ်အပန်းဖြေနိုင်မယ့် ကျန်းမာရေးအတွက် သီးသန့်တစ်ရက်ဆိုပြီး ပေးသင့်ပါတယ်။


တစ်ချိန်တည်းမှာပဲ အောင်မြင်မှုသေးသေးလေးတွေအတွက်လည်း အောင်ပွဲခံသင့်ပါတယ်။ Ron Antevy အနေနဲ့ ၁၉၉၈ ခုနှစ်မှာ e-Builder ကို သူ့အစ်ကိုနဲ့ စတင်ခဲ့ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး စိတ်ပင်ပန်းတာတွေကို မေးတဲ့အခါ Antevy က “ အောင်မြင်မှုကြီးကြီးမားမားတင်မဟုတ်ပါဘူး အားလုံးကို အောင်ပွဲခံပါ” လို့ ဖြေကြားခဲ့ပါတယ်။


သူတို့လုပ်နေတဲ့ လုပ်ငန်းက တာတိုပြေးပွဲမဟုတ်ပါဘူ မာရသွန်ပြေးပွဲတစ်ခုပါ လို့လည်း ထပ်မံပြောကြား ခဲ့ပါ သေးတယ်။


“ ကျွန်တော်တို့အလုပ်က ၂၅ နှစ်လောက်ကြာသွားတဲ့ အောက်မြင်တဲ့ တစ်ညတာ ဇာတ်လမ်းလေးလို့ ဟာသ သဘော ပြောဖြစ်သေးတယ်။”


လုပ်ငန်းခွင်စိတ်ပင်ပန်းတာက လုပ်ငန်းတိုင်းမှာ သက်ရောက်နေတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ဝန်ထမ်း တွေက သူတို့လုပ်ပေးတာလုံလောက်ပြီ ထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဝန်ထမ်းတွေရဲ့ စိတ်ပင်ပန်းမှုတွေ ကနေ ဝင်ငွေတွေလျော့ကျလာမယ်၊ MRR (Monthly Recurring Revenue) ဆုံးရှုံးခြင်း၊ အစွမ်းအစတွေ အသိပညာ တွေလည်း ဆုံးရှုံးရနိုင်ပါတယ်။ ဒါတွေကလည်း တိုးတက်နေတဲ့အချိန်တွေရဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။


မိတ်ဆွေလုပ်ငန်းက စီးပွားရေးကျဆင်းမှုအခြေအနေကို ရင်ဆိုင်ကျော်ဖြတ်နေရတယ်ဆိုရင် ထုတ်ကုန်ပစ္စည်းနဲ့ လုပ်ငန်း ဆောင်တာတွေ ပေါ်မှာပဲ အာရုံစိုက်ထားတာ ပိုကောင်းပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဝန်ထမ်းတွေကို အဓိကအာရုံစိုက်ထားဖို့ ပါပဲ။ ဒီလိုစိတ်ပင်ပန်းတဲ့ ကိစ္စတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင် အောင်မြင်ဖို့နီးကပ်လာတဲ့ မိတ်ဆွေရဲ့ လုပ်ငန်းတွေကို ပိတ်ပင်တားဆီးနိုင်တဲ့ အရာတစ်ခုအဖြစ် နောက်ဆုံးမှာ ပြောင်းလဲသွားနိုင်ပါတယ်။


Cloud-based HR Software တစ်ခုဖြစ်တဲ့ JustLogin ကိုအခုပဲ စတင်အသုံးပြုလိုက်ပါ။


JustLogin ဆိုတာကတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ လစာပျက်ကွက်ရက်ရုံးတက်ရက်ကုန်ကျစရိတ်တွေ နဲ့ အခြား အကျိုးခံစားခွင့်စီမံခန့်ခွဲမှုတွေကို အလိုအလျောက် တွက်ချက်ပေးနိုင်တဲ့ Cloud-based HR Application တစ်ခုဖြစ်ပါတယ်။ ရုံးမှာပဲအလုပ်လုပ်တာပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် တစ်ခုမှာ လုပ်တာပဲဖြစ်ဖြစ်၊ အရောင်းဆိုင် တစ်ဆိုင်ဖြစ်ဖြစ်၊ ဂိုဒေါင်တစ်ခုမှာ ဒါမှမဟုတ် အိမ်ကအလုပ်လုပ်တာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ထောင်ပေါင်း များစွာသော လုပ်ငန်းတွေရဲ့ ကုန်ထုတ်စွမ်းအားတွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ပုံတွေ အများကြီးတိုးတက်လာဖို့အတွက် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ justlogin.com/free-trial ကနေအခုပဲဝင်ပြီးတော့ JustLogin ကို စမ်းသုံးကြည့်လိုက်ပါ။

1 view0 comments

Comments


bottom of page