တရုတ်နိုင်ငံ၊ ၀ူဟန်မြို့မှ စတင်ခဲ့သော နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားမှာ စီးပွားရေး လုပ်ငန်းများ ထိခိုက်မှုတွေ နှောင့်နှေးမှုတွေကြုံတွေ့နေကြရပါတယ်။ ဒီလိုအချိန်ကာလမျိုးမှာ စီပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများအနေနဲ့ စီးပွားရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် JustLogin မှ နည်းလမ်းကောင်းများ ကို မျှဝေပေးလိုက်ပါတယ်။
အမြဲ Update ဖြစ်နေပါစေ။
Coronavirus နှင့် ပတ်သက်သော သတင်းအချက်အလက်များကို မှန်ကန်တိကျစွာ Update ရရှိနိုင်ရေးအတွက် World Health Organization (WHO) နှင့် Ministry of Health and Sports (MOHS) တို့မှ ထုတ်ပြန်သော သတင်းများကို အမြဲကြည့်ရှုဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံနှင့် ပတ်သတ်သော သတင်းအချက်များဖြစ်သည့် စောင့်ကြည့်လူနာ၊ ရောဂါကူးစက်နိုင်သော နေရာများနှင့် ရောဂါထိန်းချုပ််ရေးစနစ်များကို လေ့လာနိုင်ဖို့အတွက် MOHS ၏ အသိပညာ ပေး စာလွှာများ၊ သတင်းများမှာ စောင့်ကြည့်နိုင်ပါတယ်။ သတင်းအချက်အလက်များ Update ဖြစ်နေမှသာ သင့်ရဲ့ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အစီအမံတွေကို သေချာစွာဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
လုံခြုံစိတ်ချရသော လုပ်ငန်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ။
ခရီးသွားမှတ်တမ်းဖောင်များထားရှိပါ။
ခွင့်ယူမည့် ဝန်ထမ်းများအတွက် ၎င်းတို့၏ ခရီးသွားမည့်အစီအစဉ်ကြေငြာချက် မှတ်တမ်းဖောင်များကို ထားရှိပေးဖို့ လိုအပ်ပါတယ်။ အဆိုပါဖောင်များကို Google Form, Survey Monkey or TypeForm များဖြင့် ဖန်တီးနိုင်ပြီး ၎င်းဖောင်ကို ဝန်ထမ်းများအလွယ်တကူ Download ဆွဲနိုင်စေဖို့ စီမံပေးသင့်ပါတယ်။ ဒီလို ခရီးသွားမှတ်တမ်းဖောင်များ ထားရှိပေးခြင်းဟာ ဝန်ထမ်းများကို အလွယ်တကူခြေရာခံနိုင်ပြီး လိုအပ်သလို ကြိုတင်ကာကွယ် စီမံနိုင်မှာဘဲ ဖြစ်ပါတယ်။
အပူချိန်တိုင်းတာ စစ်ဆေးခြင်း
ခရီးသွားမှတ်တမ်းရှိခဲ့ဖူးသော ဝန်ထမ်းများရဲ့ ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးဖို့အတွက် အပူချိန်တိုင်းတာ ကိရိယာများနှင့် အဖျားတိုင်းတာခြင်းမျိုးတွေ လုပ်ဖို့ တိုက်တွန်းလိုပါတယ်။ ဝန်ထမ်းများအနေနဲ့လည်း ၎င်းတို့ကိုယ်တိုင် နေ့စဉ် တစ်နေ့ မှ နှစ်ကြိမ် မိမိကိုယ်တိုင် တိုင်းတာသင့်ပြီး HR ထံသို့ အမြဲသတင်းပေးပို့သင့်ပါတယ်။
ဧည့်သည်မှတ်တမ်းထားရှိပါ။
လုပ်ငန်းများရဲ့ သဘောသဘာ၀အရ ရုံးချိန်အတွင်း ရုံးသို့လာရောက်မယ့် ဧည့်သည်များစာရင်းကို သေချာစွာ မှတ်တမ်းထားရှိသင့်ပါတယ်။ မှတ်တမ်းများထဲမှာတော့ ဧည်သည်များရဲ့ ဆက်သွယ်နိုင်မယ့်လိပ်စာ၊ ဖုန်းစတဲ့ အသေးစိတ် အချက်အလက်များကို သေချာစွာစုဆောင်းထားပြီး လိုအပ်ပါက ဆက်သွယ်ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ JustLogin မှာဆိုရင်တော့ Envoy လို့ခေါ်တဲ့ ဧည်သည်များကိုယ်တိုင် ဧည့်ကြိုကောင်တာမှာ iPad နှင့် အလွယ်တကူ မှတ်တမ်းဖြည့်နိုင်မယ့် စနစ်ကို ထားရှိပေးထားပါတယ်။ ဒါ့အပြင် ဧည့်သည်များရဲ့ ခရီးသွားလာခဲ့သော မှတ်တမ်းဖောင် များနှင့် ၎င်းတို့ရဲ့ ကိုယ်အပူချိန်စစ်ဆေးခြင်းစတဲ့ အလေ့အကျင့်များကိုပါ ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီးထိရောက်မှု ရှိနိုင်ပါတယ်။
တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများထားရှိပေးပါ။
အရေးကြီးတဲ့အချက်ကတော့ ဝန်ထမ်းများရဲ့ ကျန်းမာရေးကို ကာကွယ်ပေးဖို့အတွက် Personal Protection Equipment (PPE) လို့ခေါ်တဲ့ မျက်နှာဖုံးများ၊ လက်ဆေးဆပ်ပြာ၊ ဘတ်တီးရီးယားကာကွယ်ပေးသော လက်သုတ်ဝတ် (သို့) လက်သန့်ဆေးရည်များကို အလွယ်တကူရုံးမှာ ရရှိနိင်အောင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဝန်ထမ်းများမှာ တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများတွေ့ရှိကြောင်း သံသယရှိတယ်ဆိုရင်တော့ အဆိုပါ ဝန်ထမ်းအတွက် မျက်နှာဖုံး (Mask) များကို ပေးအပ်ပြီး ဆရာဝန်နှင့်တွေ့ဖို့ အကြံပေးရပါမယ်။
ခွင့်မူဝါဒများကို ဖြေလျှော့ပါ။
တုပ်ကွေးကဲ့သို့ လက္ခဏာများတွေ့ရှိသော ဝန်ထမ်းများကို အိမ်မှာအနားယူစေဖို့ HR များက တိုက်တွန်းသင့်ပါတယ်။ လိုအပ်ပါက အဆိုပါဝန်ထမ်းများအတွက် ဆေးခွင့်များကို သတ်မှတ်ပေးပြီး ခွင့်မူဝါဒများကို လိုအပ်သလို ဖြေလျှော့ပေးသင့်ပါတယ်။
ရှင်းလင်းပြတ်သားသော ဆက်သွယ်မှုများကို ဖန်တီးပါ။
လုပ်ငန်းတွင်းပြောင်းလဲမည့် အစီအစဉ်များကို ဝန်ထမ်းများအားလုံးသိစေရန် အချိန်နှင့်တပြေးညီ မျှဝေပေးရပါမယ်။ လုပ်ငန်းဆက်လက်လည်ပတ်ရေးအတွက် စီမံကိန်းအစီအစဉ်များကို ရှင်းလင်းတိုကျစွာ ချမှတ်ပြီး ဝန်ထမ်းများကို လည်း လုပ်ငန်းဆိုင်ရာ အစီစဉ်များမျှဝေပေးရမှာ ဖြစ်သလို လုပ်ငန်းတွင်း ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် များကိုလည်း မျှဝေခြင်းဖြင့် မလိုလားအပ်သော အန္တရာယ်များကို လျှော့ချနိုင်မှာဘဲ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်း ဆက်လက် လည်ပတ်နိုင်ရေးအတွက် အရေးပါသော အစီအစဉ်
ယခု ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာလကို ရင်ဆိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအစီအစဉ်များကို သေချာစွာချမှတ် ရေးဆွဲသင့်ပါပြီ။ ဥပမာ။ JustLogin အနေနဲ့ လုပ်ငန်းတွင်းဆက်လက်လည်ပတ်နိုင်ရေး အစီအစဉ်အနေနဲ့ ဝန်ထမ်းများအားလုံးကို သီးသန့်လုပ်ငန်း ဆောင်ရွက် နိုင်မယ့် Remote Working Model တစ်ခုကို စတင်ဖို့ပြင်ဆင်ပြီး ဖြစ်ပါတယ်။ နည်းပညာကို အခြေခံထားပြီး Cloud-based စနစ်ဖြစ်တာကြောင့် ရုံးပြင်ပမှလုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မှလုပ်ငန်း တာဝန်ထမ်းဆောင်နိုင်မည့် လိုအပ်သလို ချိန်ညှိနိုင်သော အစီအစဉ်များကိုပါ ထည့်သွင်းရေးဆွဲထားပြီး ရုံး Desktop ကို အသုံးပြုနေသောဝန်ထမ်းများအတွက် Laptops အပိုများကိုပါ မျှဝေပေးဖို့ စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Remote Working Model ကို ရုံးတစ်ခုလုံးအတွက် စတင် Activate လုပ်ရန် အချိန် (၄) နာရီထက်နည်းသော အချိန်ပမာဏသာ လိုအပ်ပါတယ်။
စီးပွားရေးလုပ်ငန်းနယ်ပယ်ကဏ္ဍအလိုက် Remote working model အတွက် လုပ်ဆောင်ရတဲ့ သဘောသဘာ၀ချင်း မတူညီသော်လည်း ယခုလို အချိန်အခါမျိုးမှာ စီးပွားရေးဆက်လက်လည်ပတ်နိုင်ရေး အစီအစဉ်များကို သေချာစွာ ဆွဲထားဖို့တော့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ခန့်မှန်းရခက်သော အခြေအနေများကို လိုအပ်သလို ကြိုတင်ပြင်ဆင်နိုင်ဖို့ အသုံးဝင်မယ့်အချက်များကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
ဆုံးဖြတ်ချက်ချမှတ်ပေးနိုင်မည့် ခေါင်းဆောင်များကို သေချာစွာ သတ်မှတ်ပေးပါ။
SME လုပ်ငန်းများမှာ ဆုံးဖြတ်ချက်ချမှတ် ပေးနိုင်မယ့်သူများဖြစ်တဲ့ MD (သို့) ခေါင်းဆောင်သူ အနည်းငယ်သာရှိတာမို ၎င်းတို့အပြင် ဒုတိယအဆင့်အနေနဲ့ ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်မယ့်သူများကိုလည်း တာဝန်သတ်မှတ်ပေးထားဖို့ လိုအပ်ပါတယ်။ ရှင်းလင်းတိကျသော ဖွဲ့စည်းပုံများကို ရေးဆွဲ တာဝန်သတ်မှတ်ပေးထားခြင်းဟာ လုပ်ငန်းတွင်းလိုအပ်သော ဆုံးဖြတ်ချက်များချမှတ်ရာမှာ ဝေဝါးမှုမရှိဘဲ အောင်မြင်စေမှာ ဖြစ်ပါတယ်။
အရေးကြီးသော စီးပွားရေးလုပ်ငန်းတာဝန်များနှင့် ဝန်ထမ်းများအားစီမံခန့်ခွဲခြင်း
အရေးကြီးသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်စေဖို့ ဝန်ထမ်းများကို လိုအပ်သလို အချိန်ဇယားဆွဲကာ အုပ်စု ၂ ခု ခွဲသင့်ပါတယ်။ ဥပမာ။ ဝန်ထမ်းတစ်ဝက် (အထူးသဖြင့် ရောဂါကူးစက်ခံရလွယ်ကူသော ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီး ရွယ်အို ဝန်ထမ်းများ) အား အိမ်တွင်အလုပ်လုပ်စေကာ ရောဂါကူးစက်ခံရနိုင်မှုကို ထိန်းချုပ်ခြင်းနှင့် လုပ်ငန်းအတွက် မရှိမဖြစ်အရေးပါသော ဝန်ထမ်းတစ်ဝက်ကိုရုံးတွင်အလုပ်လုပ်စေခြင်းဖြင့် မိမိရဲ့ ဝန်ထမ်းများအတွက် သေချာစွာ စဉ်းစားပေးရမှာဖြစ်ပါတယ်။
Suppliers (သို့) ဝန်ဆောင်မှုပေးနေသူများ
သင့်ရဲ့ လုပ်ငန်းဟာ ပြင်ပ Suppliers များ (သို့) ဝန်ဆောင်မှုပေးသူများကို များစွာမှီခိုနေရတယ်ဆိုပါက ၎င်းတို့ရဲ့ ဆက်လက်လည်ပတ်မယ့် လုပ်ငန်းအစီအစဉ်များကိုပါ သိထားဖို့လိုအပ်ပါတယ်။ ဒါမှသာ သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများကို ၎င်းတို့ဘက်က မည်သို့ ဆက်လက်ဆောင်ရွက်ပေးမယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကြိုတင်စီမံခြင်းက သင့်လုပ်ငန်းအတွက်လိုအပ်မယ့် အခြား Supplier များနှင့်ပါ ချိန်ညှိဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။
အဓိက ဖောက်သည်/စားသုံးသူများ
သင့်လုပ်ငန်းရှင်သန်ဖို့အတွက် အဓိက အရေးပါသောသူများမှာ စာသုံးသူများဘဲ ဖြစ်ပါတယ်။ ၎င်းတို့အတွက် သေချာစွာ စဉ်းစားပြီး လိုအပ်သောအရေးပေါ်အစီအစဉ်များကို ကြိုတင်ချမှတ်သင့်ပါတယ်။ ဥပမာ။ Customers များအတွက် ရှင်းလင်းတိကျပြတ်သားသော ဆက်သွယ်ရေး channel နှင့် ဝန်ဆောင်မှုပေးနိုင်မယ့် delivery methods များကို သေချာစွာပြင်ဆင်ပြီး မရေရာ မသေချာသော အခြေအနေအတွင်းမှာ Customer များနှင့်မိမိတို့ ကုမ္ပဏီကြား ယုံကြည်မှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။
နည်းပညာဆိုင်ရာ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းခြင်း
နည်းပညာကို မှန်ကန်စွာအသုံးချနိုင်ခြင်းဖြင့် လုပ်ငန်းတွင်းအစီအစဉ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ ဥပမာ JustLogin မှာဆိုရင်တော့ Office 365 subscription ပြုလုပ်ထားပြီး Microsoft Teams ကို လုပ်ငန်းတွင်း စီမံချိတ်ဆက်ရာမှာအသုံးပြုသလို Cloud-based စနစ်ကို လည်း အသုံးပြုလျှက်ရှိပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းတွင်း ဝန်ဆောင်မှုများနှောင့်နှေးခြင်းမရှိစေရန်အတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက်သော နည်းပညာဆိုင်ရာ စနစ်များကို Virtual Communication tool အဖြစ် ရင်းနှီးမြုပ်နှံသင့်ပါတယ်။
JustLogin မှ တီထွင်ဆန်းသစ်မှုများ
JustLogin အသုံးပြုသူများအတွက် Leave Application Page မှာ အချက်ပြ Notification တစ်ခုပါဝင်ပါဝင်တော့မှာ ဖြစ်လို့ ဝန်ထမ်းများရဲ့ ခွင့်စာနှင့် ခရီးသွားမှတ်တမ်းများကို ယခုလိုကာလမျိုးမှာ အချိန်နှင့်တပြေးညီသိရှိနိုင်မှာ ဖြစ်ပါတယ်။ Customers များအနေနဲ့လည်း JustLogin ရဲ့ Mobile Application မှာ Coronavirus နှင့် ပတ်သက်သော Update သတင်းများကို မျှဝေပေးမှာဖြစ်လို့ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအစီအစဉ်များ ကို သေချာစွာရေးဆွဲနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ယခုလို မရေရာမှုများပြားလှတဲ့ အချိန်ကာလမျိုးမှာ သင့်ဝန်ထမ်းများရဲ့ ကျန်းမာရေးလုံခြုံမှုများနှင့်အတူ စီးပွားရေးလုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးကိုလည်း သေချာစွာ စီမံဖို့ ထပ်မံအကြံပေးရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။
Comments