ယနေ့ပြောင်းလဲလာတဲ့ အနေအထားအရ လုပ်ငန်းခွင်များမှာ Remote Working လို့ခေါ်တဲ့ ရုံးပြင်ပ လုပ်ငန်းတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများကို စီမံခန့်ခွဲရာမှာ စိန်ခေါ်မှုအများအပြား ရှိနေပြန်ပါတယ်။ ဥပမာ၊ ရုံးပြင်ပမှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများကို အသေးစိတ်လိုက်မကြီးကြပ်လိုပေမယ့် သူတို့ အမှန်တကယ်ဘာတွေ လုပ်နေကြလဲဆိုတာကို သိဖို့က အရေးကြီးပါတယ်” လို့ Supervisors အများစုက ဆိုကြပါတယ်။ စာရေးသူအနေနဲ့တော့ အဆိုပါအချက်နှင့်ပတ်သက်ပြီး မန်နေဂျာနှင့် ဝန်ထမ်းများကြား ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ အဖွဲ့အစည်း (သို့) ကုမ္ပဏီများအနေနဲ့လည်း ဝန်ထမ်းများအမှန်တကယ်လိုက်နာစေမယ့် လုပ်ငန်းခွင်ပြင်ပ မူဝါဒကို ချမှတ်မှသာ မလိုအပ်တဲ့အမှားများကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကောင်းကျိုးထက်ဆိုးကျိုးက ပိုများနိုင်ပါတယ်။
ဒါကြောင့် ရုံးပြင်ပအလုပ်လုပ်ခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး သိထားရမှာကတော့ Remote working ဆိုတာ အမြဲတမ်းတော့ ပြီးပြည့်စုံခြင်းမရှိပါဘူး။ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ 2018 Remote Work Study ရဲ့ အစီရင်ခံစာအရ ၃၀% သော Remote workers များဟာ အထီးကျန်ခြင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းပြင်ပမှာ ရှိနေသလိုခံစားရပြီး ပျော်ရွှင်မှုများ ပျောက်ဆုံးခြင်းတို့ကို ခံစားရတယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်များဟာ Remote Workers များရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကိုထိခိုက်စေပြီး လုပ်ငန်းလည်ပတ်မှုအချိန်ဇယားများကိုပါ နှောင့်နှေး စေပါတယ်။ ဒါကြောင့် Remote working ရဲ့ စိန်ခေါ်မှုများကို လေ့လာပြီး အဖြေရှာ ကြဖို့လိုအပ်ပါတယ်။
JustLogin မှာဆိုရင်တော့ စိန်ခေါ်မှုများပြားလှတဲ့နေ့စဉ်ဘ၀များကို စနစ်တကျ စီမံနိုင်ဖို့အတွက် နည်းစနစ်ကျစွာ Work from home မူဝါဒများချမှတ်ထားပြီး ဝန်ထမ်းများရဲ့ Mindset ကို ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ဗျူဟာများချမှတ်ထားပါတယ်။ Remote Working ရဲ့ စိန်ခေါ်မှုများကို ဖြေရှင်းပေးဖို့အတွက် အဓိကကျတဲ့ ဗျူဟာ (၅) ရပ်ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
၁။ ဝန်ထမ်းများနှင့်အတူ ရှင်းလင်းပြတ်သားသော မျှော်မှန်းချက်များကို ချမှတ်ပါ။
ရှင်းလင်းပြတ်သားသော မျှော်မှန်းချက်များကို ချမှတ်ခြင်းဖြင့် ရုံးပြင်ပ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးရုံသာမက ပုံမှန်လုပ်ငန်းလည်ပတ်မှု ကိုလည်း ကူညီပေးပါတယ်။ ရုံးပြင်ပတွင် လုပ်ငန်းလိုအပ်ချက်အရ ရုံးချိန်အတိအကျ မနက် (၉) နာရီမှ ညနေ (၅) နာရီထိဖြစ်စေ၊ ဝန်ထမ်းများအတွက် အဆင်ပြေသင့်လျော်သော အလုပ်ချိန်တွင်တာဝန်ထမ်းဆောင်သည်ဖြစ်စေ တာဝန်ထမ်းဆောင်နေသူများအား ကနဦးကာလ များတည်းက မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားချမှတ်သင့်ပါတယ်။ JustLogin မှာဆိုရင်တော့ Remote employees များအနေနဲ့ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များ၊ ဖောက်သည်များနဲ့ အဆင်အသွယ်ပြတ်လက်ခြင်းမရှိစေရဘဲ လွတ်သွားခဲ့သည် ရှိသော် (၁) နာရီအတွင်းမှာ ဖုန်းပြန်လည် ဖြေကြားခြင်း၊ ပြန်လည်ခေါ်ဆိုခြင်းတို့ကို ပြုလုပ်ရမယ်လို့ ချမှတ်ထားပါတယ်။ Slack နှင့် Email တို့ကိုအသုံးပြုပါက နေ့ချင်း (သင့်လျော်သောအချိန်) တွင် ပြန်လည်ဖြေကြားရပါမယ်။
ဒါ့အပြင် Remote Employee များရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုင်းတာဖို့အတွက် အလုပ်ချိန်များကို ခြေရာခံခြင်းအစား၊ ချမှတ်ထားသောပန်းတိုင်များ ပြီးမြောက်ခြင်း၊ ချမှတ်ထားသော အရေအတွက်များသို့ ရောက်ရှိခြင်း/လုပ်ငန်းတာဝန်ပြီးမြောက်ခြင်း စသည်တို့ဖြင့် တိုင်းတာလေ့ရှိပါသည်။
၂. အိမ်တွင်အလုပ်လုပ်စေခြင်း (Work from Home) မူဝါဒ အသေးစိတ်ကို ချမှတ်ပါ။
JustLogin မှာဆိုရင်တော့ အိမ်တွင်အလုပ်လုပ်စေခြင်း (Work from Home) မူဝါဒကို ရှင်းလင်းတိကျစွာ ချမှတ်ထားပါတယ်။ ဥပမာ၊ အိမ်တွင်အလုပ်လုပ်စေခြင်း (Work from Home) မူဝါဒဆိုသည်မှာ အိမ်တွင် အလုပ်လုပ်သည်ဟု အကြောင်းပြပြီး Netflix, Youtube, Korea ဇာတ်ကားများကြည့်ရှုနေခြင်း၊ မိမိ၏ ကိုယ်ရေးကိုယ်တာအတွက် စီမံဆောင်ရွက်နေခြင်း၊ အိမ်တွင်အိပ်နေခြင်း စသည်တို့ ပြုလုပ်နေခွင့် မရှိပါ။ ခံစားခွင့်အနေနဲ့ နေမကောင်းပါက (ဖျားနာခွင့်)၊ မိသားစုဝင် ခလေးငယ်များကို ဆေးခန်းပို့ဆောင်လိုပါက (ခလေးငယ်စောင့်ရှောက်ခွင့်) ပေးခြင်းတို့ စသည့် ထည့်သွင်းစဉ်းစားပေးမှုများလည်း အဆိုပါ မူဝါဒမှာပါဝင်ပါသည်။ ဒီလို အသေးစိတ်ထည့်သွင်း စဉ်းစားပေးခြင်းဖြင့် ဝန်ထမ်းနှင့် အလုပ်ရှင်ကြား သံသယများကို ဖယ်ရှားပေးပြီး အိမ်တွင်အလုပ်လုပ်စေခြင်း (Work from Home) နှင့် ပက်သက်သော ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းစွာ သိရှိလာ မှာဖြစ်ပါ တယ်။
၃။ ယုံကြည်စိတ်ချရသော နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများတွင် ရင်းနှီး မြုပ်နှံပါ။
JustLogin မှာဆိုရင်တော့ Remote employee များအတွက် ကောင်းမွန်သော Wifi၊ Video ခေါ်ဆိုခြင်းနှင့် ဆက်သွယ်ရေး ပစ္စည်းများ၊ ကင်မရာ၊ headphones နှင့် Video ခေါ်ဆိုရာတွင် အေးဆေးစွာပြောဆိုနိုင်မည့် နေရာတစ်ခုဖန်တီးခြင်း စတာတွေကို သေချာစွာ ထောက်ပံ့ပေးပါတယ်။ တကယ်လို့ Remote workers များမှာ ကောင်းမွန်သောနည်းပညာနှင့် ဆက်သွယ်ရေးစနစ် စတာတွေမရှိဘူးဆိုရင်တော့ လိုအပ်သော အချက်အလက်များ ဒေါင်းလုပ်ဆွဲရာတွင် နှောင့်နှေးခြင်း နှင့် Video ခေါ်ဆိုရာတွင် ရှင်းလင်းစွာ မကြားနိုင်ဘဲ အရေးကြီးအချက်အလက်များ လွတ်သွားခြင်း စတာတွေ ဖြစ်ပွားနိုင်တာကြောင့် Remote working စနစ်ဟာ ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
၄။ အသင်းအဖွဲ့လိုက် လုပ်ငန်းဆောင်ရွက်ခြင်းစနစ်ကို ဆက်လက်ဖန်တီးပါ။
ရုံးတွင်းဝန်ထမ်းများ အလုပ်လုပ်တဲ့အခါမှာ လုပ်ဖော်ကိုင်ဘက်များနှင့် ဆက်ဆံရတယ်ဆိုတာ သဘာ၀ပါဘဲ။ အိမ်တွင်အလုပ်လုပ်စေခြင်းရဲ့ သဘာ၀အရ သီးခြားနေရာ တစ်ခုမှာ လုပ်ဆောင်ရတာဖြစ်လို့ ဝန်ထမ်းများအနေနဲ့ အထီးကျန်ခြင်းစတဲ့ အတွေ့အကြုံများကို ခံစားရမှာ မလွဲမသွေပါဘဲ။ ဒါကြောင့် JustLogin အနေနဲ့ Slack, Skype နှင့် Google chat တို့ကို အသုံးပြုစေပြီး လုပ်ဖော်ကိုင်ဘက်များကြား ဆက်သွယ်ရေးကွင်းဆက်တစ်ခုကို ကောင်းမွန်စွာ ဖန်တီးပေးထားပါတယ်။
ဒါ့အပြင် အိမ်တွင်အလုပ်လုပ်စေခြင်း (Work from Home) ကို ခွင့်မပြုမှီ ဝန်ထမ်းများအတွက် အချိန်စီမံခန့်ခွဲခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေခြင်းနှင့် ကုမ္ပဏီ၏ မျှော်မှန်းချက်များ ရောက်ရှိစေရေး စသည်တို့အတွက် သင်တန်းပေးဖို့လိုပါတယ်။ ဒါကြောင့် လုပ်ငန်းတွင်း စီမံခန့်ခွဲရာမှာ အိမ်တွင်အလုပ်လုပ်စေခြင်း (Work from Home) မူဝါဒများကိုလည်း အလုပ်တွင်ပြီး အောင်မြင်စေဖို့ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
၅။ ယုံကြည်မှုတည်ဆောက်ပါ။
Remote workers များ အနေနဲ့ မန်နေဂျာများမှ ခဏ ခဏ စစ်ဆေးခံနေရတာမျိုးကို သဘောကျမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Remote workers များက လိုတာထပ်ပိုပြီး အလုပ်ချိန်တွေကို ပိုလုပ်ခြင်း ကလည်း ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် မန်နေဂျာများအနေနဲ့ Remote worker များကို လိုတာထက်ပို စစ်ဆေးပြီး ယုံကြည်မှုမရှိတာမျိုး မဖြစ်သင့်ပါဘူး။ နှစ်ဦးနှစ်ဘက် မိမိတာဝန်ကိုသိပြီး တာဝန်ယူတာအကောင်းဆုံးပါဘဲ။
Remote working ဟာ ခဏတာ ခေတ်စားလာတဲ့ ပုံစံမဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ လိုက်လျောညီထွေကျင့် သုံးရမယ့် လုပ်ငန်းစီမံမှု ပုံစံတစ်ခု ဖြစ်လာတာကြောင့် လုပ်ငန်းရှင်များအနေနဲ့ အမျှော် အမြင်ရှိစွာဖြင့် မိမိတို့ အဖွဲ့အစည်းရဲ့ မူဝါဒများ၊ ကျင့်ဝတ်များထဲမှာ ထိရောက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ Remote working/ အိမ်တွင်အလုပ်လုပ်စေခြင်း အစီအစဉ် များကို ကြိုတင်ပြင်ဆင်ကြဖို့ အကြံပေးရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။
Comments