မန်နေဂျာတွေအတွက် ဝန်ထမ်းအင်အားကို ထိထိရောက်ရောက် စီမံခန့်ခွဲရေးက အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒီလိုမျိုး ပတ်ဝန်းကျင်မှာ အောင်မြင်မှုရရှိစေဖို့က၊ HR ပညာရှင်တွေက အလုပ်သမားဥပဒေတွေ နဲ့ လူမှုဖူလုံရေးဘုတ်အဖွဲ့ (SSB) စည်းမျဉ်းတွေကိုလိုက်နာရမှာဖြစ်ပါတယ်။ စည်းမျဉ်းတွေကို နားလည်ပြီး လိုက်နာခြင်းကြောင့် လိုက်လျောညီထွေရှိပြီး အကျိုးရှိသော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံရှိ HR မန်နေဂျာများအတွက် မရှိမဖြစ်လိုအပ်တဲ့ SSB နဲ့ အလုပ်သမားဥပဒေတွေကို အဓိကထားပြီး သက်ဆိုင်တဲ့ အောင်မြင်မှုဆိုင်ရာ အကြံပြုချက်တွေကို လေ့လာရမှာဖြစ်ပါတယ်။
လူမှုဖူလုံရေးအဖွဲ့ (SSB) ဆိုတာဘာလဲ။
မြန်မာနိုင်ငံရှိ လူမှုဖူလုံရေးအဖွဲ့ (SSB) က လူမှုဖူလုံရေးစနစ်ကို စီမံခန့်ခွဲဖို့ တာဝန်ရှိယူပါတယ်။ HR မန်နေဂျာတွေက ဝန်ထမ်းတွေရဲ့ လိုအပ်တဲ့ အကျိုးခံစားခွင့်များပေးဆောင်ဖို့ SSB လမ်းညွှန်ချက်တွေနဲ့ ရင်းနှီးကျွမ်းဝင်နေဖို့ လိုအပ်ပါတယ်။ အဓိကအချက်တွေကတော့ -
1. မှတ်ပုံတင်ခြင်း- HR မန်နေဂျာတွေက သူတို့ရဲ့အဖွဲ့အစည်းတွေ လူမှုဖူလုံရေးရန်ပုံငွေပေးဆောင်မှုမှာ ပံ့ပိုးကူညီဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ မသန်စွမ်းမှုတွေနဲ့ ပင်စင်လစာတွေလို အကျိုးကျေးဇူးများပေးဆောင်နိုင်ဖို့ သူတို့၏အဖွဲ့အစည်းကို SSB မှာမှတ်ပုံတင်ထားဖို့ရာ လိုအပ်ပါတယ်။
2. ပေးဆောင်မှုကို တွက်ချက်ခြင်း- ဝန်ထမ်းတွေရဲ့ လုပ်ခလစာအပေါ် အခြေခံပြီး လူမှုဖူလုံရေး အတွက် ဝန်ထမ်းတွေရဲ့ ပေးဆောင်တဲ့ငွေတွေကို တိတိကျကျ တွက်ချက် နုတ်နုတ်ဖို့ အရေးကြီးပါတယ်။ HR မန်နေဂျာတွေက SSB ပေးဆောင်ရမယ့်နှုန်းထားတွေကို သိရှိသင့်ပြီး SSBကို အချိန်မီ ငွေပေးချေမှုတွိုင် ပြုလုပ်သင့်ပါတယ်။
3. စီမံခန့်ခွဲရေးရဲ့ အကျိုးကျေးဇူးများ - HR မန်နေဂျာတွေက SSB က ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို နားလည်ပြီး ဝန်ထမ်းတွေအတွက် ထိထိရောက်ရောက် ချိတ်ဆက်ပေးသင့်ပါတယ်။ အကျိုးခံစားခွင့်တွေထဲမှာ ဆေးကုသခြင်း၊ မီးဖွားခွင့်တွေနဲ့ ပင်စင်လစာများ ပါဝင်ပါတယ်။ ဝန်ထမ်းတွေက သူတို့ ပေးဆောင်ထားတဲ့ အလျှောက် အကျိုးခံစားခွင့်တွေ ရရှိနိုင်အောင်လည်း လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
အလုပ်သမားဥပဒေများကို သိရှိနားလည်ခြင်း။
SSB စည်းမျဉ်းများအပြင်၊ HR မန်နေဂျာတွေက မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေကို လိုက်လျောညီထွေရှိစေရန်လိုက်နာမှုနဲ့ တရားမျှတတဲ့ အလုပ်အကိုင်အလေ့အကျင့်များကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ အဓိကအာရုံစိုက်ရမည့် နယ်ပယ်အချို့ကတော့
1. အလုပ်အကိုင်စာချုပ်များ- HR မန်နေဂျာတွေက အလုပ်ချိန်၊ လုပ်ခနဲ့ ခွင့်ရက်ရပိုင်ခွင့်တွေအပါအဝင် အလုပ်စည်းကမ်းသတ်မှတ်ချက်တွေ၊ အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်တွေကို ရှင်းလင်းဖော်ပြထားတဲ့ အလုပ်သဘောတူစာချုပ်ကိုဝန်ထမ်းတွေနဲ့ ချုပ်ဆိုထားဖို့လိုအပ်ပါတယ်။
2. အနည်းဆုံး လုပ်အားခ - အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်အားခ အတိုင်း ဝန်ထမ်းတွေကို ရရှိစေဖို့ လုပ်ဆောင်ပေးရန်လိုအပ်ပါတယ်။ HR မန်နေဂျာတွေက လုပ်ခလစာ ဖွဲ့စည်းပုံတွေကို တရားမျှတမှုရှိအောင် လိုက်လျောညီထွေရှိစေအောင် အခါအားလျော်စွာ ပြန်လည်သုံးသပ်သင့်ပါတယ်။
3. အလုပ်ချိန်နှင့် ခွင့်ရက်- HR မန်နေဂျာတွေက အလုပ်သမားဥပဒေအရ သတ်မှတ်ထားတဲ့ အလုပ်ချိန်ကန့်သတ်ချက်တွေကို လိုက်နာပြီး ဝန်ထမ်းတွေအတွက် သူတို့ရဲ့ ခံစားခွင့်ရှိတဲ့ နှစ်စဉ်ခွင့်၊ အစိုးရရုံးပိတ်ရက်တွေနဲ့ မီးဖွားခွင့်အစရှိတာတွေကို ပေးအပ်ရမှာဖြစ်ပါတယ်။
4. အလုပ်ရပ်စဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ- HR မန်နေဂျာတွေက အလုပ်မှရပ်စဲခြင်းဆိုင်ရာ တရားဝင်သတ်မှတ်ချက်တွေနဲ့ သူတို့ကို အသိပေးသည့်ကာလတွေ၊ လုပ်အားခနဲ့ ရပ်စဲခြင်းဆိုင်ရာ အကြောင်းပြချက်တွေ အပါအဝင် အလုပ်မှရပ်စဲခြင်းဆိုင်ရာ ဥပဒေလိုအပ်ချက်များကို ရင်းနှီးနေသင့်ပါတယ်။ ဒီစည်းမျဉ်းတွေကို လိုက်နာခြင်းက တရားမျှတမှုကို ပြသပြီး ဝန်ထမ်းနဲ့ အဖွဲ့အစည်းကို အကာအကွယ်ပေးရာရောက်ပါတယ်။
Justlogin ဖြင့် HR လုပ်ဆောင်ချက်များကို ချောမွေ့အောင်လုပ်ဆောင်လိုက်ပါ။
HR မန်နေဂျာများအတွက် SSB စည်းမျဉ်းတွေနဲ့ အလုပ်သမားဥပဒေတွေကို လိုက်နာဆောင်ရွက်တာတွေက ရှုပ်ထွေးပြီး အချိန်ကုန်နိုင်ပါတယ်။ Justlogin က ဒီလုပ်ငန်းစဉ်တွေကို ရိုးရှင်းစေပြီး လိုက်လျောညီထွေရှိစေဖို့ HR ဆော့ဖ်ဝဲလ်ဖြေရှင်းချက်ကို ပေးဆောင်နိုင်ပါတယ်။ လုပ်ခလစာစီမံခန့်ခွဲမှု၊ ခွင့်ရက်နဲ့ အလုပ်တက်တဲ့နေ့တွေကိုခြေရာခံနိုင်ခြင်းအပါအဝင် SSB လိုအပ်ချက်တွေ အလုပ်သမားစည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်တဲ့ အင်္ဂါရပ်များကို ပံ့ပိုးပေးပါတယ်။ Justlogin က မြန်မာနိုင်ငံရှိ HR မန်နေဂျာတွေအတွက် သူတို့၏ လုပ်ငန်းဆောင်တာတွေကို ချောမွေ့စေပြီး စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်ပါတယ်။
Justlogin ရဲ့ HR ဆော့ဖ်ဝဲလ်ဖြေရှင်းချက်ကို အသုံးချတာနဲ့ HR မန်နေဂျာတွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ရိုးရှင်းစေပြီး လိုက်လျောညီထွေနေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်သော HR လုပ်ငန်းစဉ်များကို လက်ခံပြီး မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ HR ခရီးအတွက် Justlogin ကိုရွေးချယ်ပြီး Free Trial ရယူဖို့ အခုပဲဆက်သွယ်လိုက်ပါ။
Commentaires