top of page
Writer's pictureSamantha

HR မှ ကြုံတွေ့ရလေ့ရှိသော ခွင့်ရက်များကိုစီမံခန့်ခွဲခြင်းပြဿနာများ

Updated: Jun 20, 2023

ခွင့်ရက်များကိုစီမံခန့်ခွဲခြင်းက ဝန်ထမ်းများရဲ့ ကိုယ်ရေးကိုယ်တာအားလပ်ချိန်များနဲ့ လုပ်ငန်းလည်ပတ်မှုများကြား ချောမွေ့မျှတမှုရှိစေရန် လူ့စွမ်းအားအရင်းအမြစ် (HR) ဌာနများအတွင်း အရေးကြီးတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ HR ပညာရှင်များက ခွင့်ရက်ကို ထိထိရောက်ရောက် စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ရလေ့ရှိနိုင်ပါတယ်။ HR မှကြုံတွေ့ရလေ့ရှိတတ်တဲ့ အလုပ်ပိတ်ရက်အချို့ကို လေ့လာကြည့်ကြပါစို့။


Leave management

အဖြစ်များဆုံးပြဿနာတစ်ခုကတော့ ရှေးရိုးစွဲ စာရွက်အခြေခံစနစ်များကို မှီခိုအားထားခြင်းဖြစ်ပါတယ်။ HR မန်နေဂျာများအတွက် သမားရိုးကျနည်းလမ်းများမှာ စာရွက်စာတန်းများကို အသုံးပြုရခြင်း၊ ခွင့်ရက်တာင်းဆိုမှုများကို ကိုယ်တိုင်မှတ်တမ်းတင်ရန်လိုအပ်ခြင်း၊ ခွင့်လက်ကျန်များကို တွက်ချက်ခြင်းနှင့် ခွင့်အတည်ပြုချက်များကို ခြေရာခံခြင်းတို့ဖြစ်ပါတယ်။ ဒီလိုမျိုးလက်စွဲနည်းလမ်းတွေက အချိန်ကုန်ပြီး အမှားအယွင်းများ ကျရောက်နိုင်ခြင်း၊ ခွင့်ရက်များစီမံမှု လုပ်ဆောင်ရာတွင် နှောင့်နှေးမှုများ ဖြစ်စေနိုင်ပါတယ်။


နောက်ထပ်တွေ့ရလေ့ရှိသောစိန်ခေါ်မှုတွေကတော့ ခွင့်ရက်စီမံခန့်ခွဲမှုတွင် မြင်နိုင်စွမ်းနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းပင်ဖြစ်ပါတယ်။ လက်စွဲစနစ်များဖြင့်၊ အဖွဲ့အစည်းတစ်ဝှမ်းရှိ ခွင့်ရက်များစီမံခြင်း၊ အတည်ပြုချက်များနဲ့ ခွင့်ယူရက်များ စောင့်ကြည့်ခြင်း၊ ခြေရာခံခြင်းတွေက HR မန်နေဂျာတွေအတွက် ခက်ခဲလာပါတယ်။ ဒီလိုမြင်နိုင်စွမ်းမရှိခြင်းက ပဋိပက္ခများကို ဖြစ်စေနိုင်ခြင်း၊ ခွင့်များကိုအလွဲသုံးစားလုပ်ခြင်းတွေ ဖြစ်စေနိုင်ပြီး တာဝန်ခံမှုကင်းမဲ့ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။


မကိုက်ညီသော ခွင့်ရက်မူဝါဒများနှင့် စည်းစနစ်မကျမှုတွေက HR ပညာရှင်များအတွက် နောက်ထပ်စိန်ခေါ်မှုတွေ ဖြစ်လာစေပါတယ်။ နေရာအများအပြား သို့မဟုတ် ဌာနဆိုင်ရာအဖွဲ့အစည်းများရှိ အဖွဲ့အစည်းတွေက တသမတ်တည်း ခွင့်မူဝါဒတွေကို ပြဋ္ဌာန်းဖို့နှင့် အလုပ်သမားဥပဒေတွေကို လိုက်နာမှုရှိစေရန် မကြာခဏ ရုန်းကန်နေရပါတယ်။ အမျိုးမျိုးသော ခွင့်ရက်မူဝါဒများ၊ ရပိုင်ခွင့်တွေနဲ့ နိုင်ငံလိုက် စည်းမျဉ်းတွေကို ခြေရာခံခြင်းက ရှေ့နောက်မညီမှုတာတွေ စည်းစနစ်မကျတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။



Leave management

ဝန်ထမ်းများရဲ့ ဆက်သွယ်ရေးနှင့် ထိတွေ့ဆက်ဆံမှုက ခွင့်ရက်စီမံခန့်ခွဲမှုမှာ အဓိကထည့်သွင်းစဉ်းစားစရာများဖြစ်ပါတယ်။ HR ကျွမ်းကျင်ပညာရှင်တွေက ဝန်ထမ်းတွေကို ခွင့်နဲ့သက်ဆိုင်တဲ့ မူဝါဒတွေနဲ့ အပ်ဒိတ်တွေ ထိရောက်စွာ ဆက်သွယ်ပေးရပါမယ်။ ရှေးရိုးစွဲစနစ်တွေက ရှင်းလင်းတဲ့ ဆက်သွယ်မှုကို မကြာခဏ အနှောင့်အယှက်ဖြစ်စေနိုင်တယ်၊ နားလည်မှုလွဲမှားတာတွေ ခွင့်ရက်စီမံမှု လုပ်ဆောင်တာတွေမှာလည်း နှောင့်နှေးမှုတွေ ဖြစ်စေပါတယ်။

အဆိုပါစိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ အတွက် HR ဌာနတွေက ခွင့်စီမံမှုလုပ်ငန်းစဉ်တွေ ချောမွေ့စေပြီး မြင်နိုင်စွမ်းကိုမြှင့်တင်နိုင်ပြီး ဆက်သွယ်ရေးကိုတိုးတက်စေတဲ့ နည်းပညာဆိုင်ရာဖြေရှင်းချက်တွေကိုရှာဖွေနိုင်ပါတယ်။ ခွင့်တွေအတွက်အလိုအလျောက် စီမံခန့်ခွဲမှုစနစ်တွေက ခွင့်တောင်းဆိုမှုတင်ပြချက်တွေ ခွင့်အသွားအလာတွေနဲ့ ခွင့်လက်ကျန်တွက်ချက်မှုတွေရောပါ သိသိသာသာ ရိုးရှင်းစေပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒီစနစ်တွေက ခွင့်မှတ်တမ်းတွေကို သိမ်းဆည်းခြင်းနှင့် ရယူခြင်းအတွက် ဒေတာဘေ့စ်တွေကို တစ်နေရာထဲ စုစည်းပံ့ပိုးပေးကာ တိကျမှုပေးခြင်းနဲ ပြန်လည်ရယူရလွယ်ကူစေပါတယ်။


ဒါ့အပြင်၊ ဒစ်ဂျစ်တယ် ခွင့်ရက်စီမံခန့်ခွဲမှု ကိရိယာတွေက ဝန်ထမ်းတွေကို သူတို့ရဲ့ ခွင့်လက်ကျန်တွေကို ကြည့်ရှုဖို့၊ ခွင့်ရက် တောင်းဆိုမှုတွေ တင်သွင်းဖို့နဲ့ သူတို့ရဲ့ခွင့် လျှောက်လွှာအခြေအနေကို ခြေရာခံနိုင်ဖို့ ဝန်ဆောင်မှုပေးသည့် ပေါ်တယ်တွေလည်းဖြစ်ပါတယ်။ ဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ ခွင့်ရက်စီမံခန့်ခွဲမှုကို ပိုင်ဆိုင်နိုင်ခွင့်နဲ့ HR ပညာရှင်တွေအပေါ် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပါတယ်။


ထို့အပြင်၊ အလိုအလျောက် ခွင့် စီမံခန့်ခွဲမှုစနစ်တွေက ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံစာတွေနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကို ထုတ်ပေးနိုင်ပြီး ခွင့်စီမံခြင်း ပုံစံတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာတွေအတွက် အဖိုးတန်သော ထိုးထွင်းသိမြင်မှုတွေကို ပေးဆောင်နိုင်ပါတယ်။ HR မန်နေဂျာတွေက အနားယူချိန် သတ်မှတ်တာ ဝန်ထမ်းတွေကို အဆင်ပြေစေမဲ့ခွင့်ရက် စီစဉ်ပေးခြင်းကဲ့သို့သော ဆုံးဖြတ်ချက်များချမှတ်နိုင် ဒီဒေတာတွေကို အသုံးချနိုင်ပါတယ်။


ခွင့်ရက်စီမံခန့်ခွဲမှုတိုင်းက HR ကျွမ်းကျင်ပညာရှင်တွေအတွက် သိသာထင်ရှားသောစိန်ခေါ်မှုများဖြစ်လာပါတယ်။စနစ်အဟောင်းတွေ ၊ မြင်နိုင်စွမ်းမရှိမှုတွေနဲ့ မကိုက်ညီသောမူဝါဒတွေနဲ့ ဆက်သွယ်ရေးကွာဟချက်တွေက ထိရောက်သော ခွင့်စီမံခန့်ခွဲမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီလိုပြဿနာတွေကို ကျော်လွှားဖို့အတွက် အဖွဲ့အစည်းတွေက လုပ်ငန်းစဉ်များကို ချောမွေ့စေမယ် မြင်နိုင်စွမ်းကို မြှင့်တင်နိုင်ပြီး ဆက်သွယ်ရေးကို တိုးတက်စေမည့် အလိုအလျောက် ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို ရှာဖွေနိုင်ပါတယ်။ နည်းပညာအသုံးပြု ဖြေရှင်းချက်တွေကို အသုံးချပြီး HR ဌာနတွေက ခွင့်ရက်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ပြီး၊ လိုက်နာမှုရှိကြောင်း သေချာစေမယ်၊ ပိုမိုထိရောက်ပြီး ဝန်ထမ်းတွေအတွက်လည်းအဆင်ပြေနိုင်ပါတယ်။


သင်ရဲ့ ခွင့်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေကို ချောမွေ့စေနိုင်တဲ့ JustLogin ဆော့ဖ်ဝဲကိုအသုံးပြုပြီး ဝန်ထမ်းတွေရဲ့ အလုပ်လုပ်နိုင်စွမ်းအားကိုမြှင့်တင်လိုက်ပါ။


JustLogin ဆော့ဖ်ဝဲက ခွင့်စီမံခန့်ခွဲမှုမှာ ဝန်ထမ်းတွေရဲ့အချင်းချင်းဆက်ဆံရေးကို ချောမွေ့စေပါတယ်။ ကိုယ်ပိုင်ဝန်ဆောင်မှုပေါ်တယ်လနေတဆင့် ဝန်ထမ်းတွေက သူတို့ရဲ့ ခွင့်လက်ကျန်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်၊ မူဝါဒများကို ကြည့်ရှုနိုင်ပြီး တောင်းဆိုချက်များကို အဆင်ပြေစွာ တင်ပြနိုင်ပါသည်။ အလိုအလျောက် အသိပေးချက်တွေနဲ့ အဲ့ဒီသတိပေးချက်တွေက ဝန်ထမ်းတွေကို သူတို့၏ ခွင့်ရက်အခြေအနေနဲ့ ရုံးပိတ်ရက်တွေအကြောင်းလည်း အသိပေးမှုတွေပြုလုပ်နိုင်ပါတယ်။ ချောမွေ့တဲ့ ဆက်သွယ်မှုလုပ်ငန်းစဉ်ကသာ ဝန်ထမ်းတွေရဲ့ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ပေးနိုင်ပြီး HR ပညာရှင်တွေအပေါ် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပါတယ်။ JustLogin ခွင့်စီမံခန့်ခွဲမှု module ရဲ့ အကျိုးကျေးဇူးများကိုတွေ့ကြုံခံစားနိုင်ဖို့ အတွက်ဒီနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ။


Comments


bottom of page