top of page
Writer's pictureYi Ting

Employee Engagement ကို အဝေးမှ နေ၍ ဘယ်လိုနည်းဗျူဟာတွေနဲ့ စီမံကြမလဲ


ကမ္ဘာ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အစိုးရမှချမှတ်ထားသော Lockdowns ရလဒ်များကြောင့် ယခုအချိန်အထိ အချို့သောအလုပ်များမှာ အိမ်မှအလုပ်လုပ်ကြဆဲဖြစ်ပါတယ်။ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များဟာ အစည်းအဝေးများကို ရုံးမှာမပြုလုပ်ကြတော့တာကြောင့် လုပ်ငန်းရှင်များအတွက် ဝန်ထမ်းများကို အဝေးမှစီမံခန့်ခွဲရခြင်းဟာ စိန်ခေါ်မှုအသစ်တစ်ရပ်ဖြစ်ပါတယ်။ သို့သော်ရုံးတွင်းတစ်ဦးနှင့် တစ်ဦးမျက်နှာချင်းဆိုင် အလုပ်မလုပ်ကြတော့သော်ငြားလည်း အခြေခံအချက်အလက်တွေကိုတော့ အသုံးချနေကြဆဲဘဲ ဖြစ်ပါတယ်။


ဝန်ထမ်းများကိုဘာကြောင့် Engage လုပ်ကြတာလဲ? ဘာကြောင့် အရေးကြီးတာလဲ?


Employee Engagement ဆိုတာဟာ အဖွဲ့အစည်းအတွင်းချမှတ်ထားသော ပန်းတိုင်များနှင့် တန်ဖိုးများကို ကျင့်သုံးနေစဉ်မှာဘဲ အဖွဲ့အစည်းတွင်းအဖွဲ့ဝင်များအနေဖြင့် အဆင့်မြင့် အနေအထား တစ်ခုကို ရောက်ရှိစေနိုင်ဖို့ ကြိုးစားအားထုတ်မှုအပြည့်ဖြင့် ကြိုးစားပါဝင်စေသည့် လုပ်ငန်းစဉ် ချဉ်းကပ်မှုများဘဲဖြစ်ပါတယ်။ Employee Engagement ၏ အကျိုးသက်ရောက်မှုများ ကတော့ ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုရှိခြင်း၊ စိတ်အားတက်ကြွမှုရှိခြင်း၊ ခေါင်းဆောင်မှုရှိခြင်း၊ ကြိုးစားအားထုတ်မှုရှိခြင်းစသည်တို့ဖြစ်ပါတယ်။


ကုမ္ပဏီတစ်ခုမှာဝန်ထမ်းများစိတ်အားထက်သန်စွာ ပါဝင်လာခြင်းဖြင့် အမြင်ကျယ်လာပြီး၊ ၎င်းတို့ကိုယ်တိုင် လုပ်ငန်း၏ ရည်ရွယ်ချက်နှင့် ရာထူးလုပ်ပိုင်ခွင့်များကို ပိုမိုနားလည်လာနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါဝန်ထမ်းများအနေဖြင့် အခြားမလိုက်နာသောဝန်ထမ်းများထက် ပိုမိုကြံ့ကြံ့ခံ လာနိုင်မှု၊ ဆုံးဖြတ်ချက်များပိုမိုမှန်ကန်စွာချမှတ်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါ တယ်။ ဝန်ထမ်းများလုပ်ငန်းတွင် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာခြင်းဖြင့် ၎င်းတို့၏ ဝင်ငွေ များပိုမိုတိုးပွားလာနိုင်သလို ငွေကြေးအကြပ်အတည်းနှင့် စီးပွားကပ်ကာလများတွင်လည်း ပိုမို မြန်ဆန်စွာ ဦးမော့လာနိုင်မှာဖြစ်ပါတယ်။


Employee Engagement ဘယ်လိုပြုလုပ်ကြမလဲ?


လုပ်ငန်းခွင်အတွင်း Employee Engagement ရှုထောင့်များဟာ လျှင်မြန်စွာ ပြောင်းလဲ နေသော ကမ္ဘာ့နည်းပညာနှင့် လုပ်ငန်းခွင်အတွင်းစည်းကမ်းများဖြင့် လွှမ်းမိုးလျှက်ရှိပါတယ်။ ဒါကြောင့်လုပ်ငန်းရှင်များအနေဖြင့် အောက်ပါ နည်းဗျူဟာများကို လိုက်နာကျင့်သုံး သင့်ပါတယ်။


၁။ တိကျသော ဆက်သွယ်ရေးကို ကျင့်သုံးပါ။


ကောင်းမွန်သော ဆက်သွယ်ရေးဟာ ယခုလို အိမ်မှအလုပ်လုပ်ရသော ကာလတွင် အသက်တမျှ အရေးကြီးသလို ရုံးများမှာလည်း အရေးပါလှပါတယ်။ ထိရောက်သော လုပ်ငန်းတွင်းဆက်သွယ်ရေးကို တည်ဆောက်ခြင်းသည် မလိုအပ်သောအပိုဖုန်းခေါ်ဆိုခြင်းနှင့် အီးမေးလ်များကို ဖယ်ရှားပြီး လုပ်ငန်းများထိရောက်စွာနှင့် တွင်ကျင်စွာဆောင်ရွက်နိုင်ရေးကို ကူညီပေးနိုင်ပါတယ်။ ထိုသို့သော စီမံဆောင်ရွက်မှုများဟာ ဝန်ထမ်းများအနေနဲ့ ၎င်းတို့အထက်အရာရှိများအပေါ် ထင်မြင်နိုင်သော အသေးစားစီမံခန့်ခွဲမှုဆိုင်ရာ ဆိုးကျိုးများကို လျော့ချပေးနိုင်ပါတယ်။


၂။ အကောင်းမြင်ပါ။


လုပ်ငန်းတွင်းအကောင်းမြင်စိတ်များကို တိုးမြှင့်ပေးခြင်းဟာ ဝန်ထမ်းများ၏ စိတ်အား တက်ကြွ စေမှု၊ စိတ်ကျေနပ်မှုနှင့် ကျင့်ဝတ်များလိုက်နာခြင်းကို တိုးတက်စေပါတယ်။ သုတေသန လေ့လာချက်များအရ လုပ်ငန်းတွင်းအဆိုးများကြုံတွေ့ရသော ဝန်ထမ်းများအနေဖြင့် ရုံးပျက် ကွက်ခြင်း၊ အမှားများပိုမိုပြုလုပ်မိခြင်းနှင့် မတော်တဆထိခိုက်မှုများ ပိုမိုကြုံတွေ့ရတတ်ပါတယ်။ လုပ်ငန်းတွင်းစိတ်ဖိစီးမှုများဟာ ကိုယ်လက်လှုပ်ရှားမှုများကို လျော့ကျစေပြီး အကျိုးဆက်အနေနဲ့ နာတာရှည်နှလုံးရောဂါစသော ဆိုးကျိုးများကို တိုးပွားစေနိုင်ပါတယ်။


၃။ အဓိပ္ပါယ်ရှိသော အလုပ်လုပ်ခြင်းဖြစ်ပါစေ။


မိမိလုပ်နေတဲ့ အလုပ်ကို မသိသောသူများအဖို့ လုပ်ငန်းခွင်မှာပျော်ရွှင်မှာ မဟုတ်ပါဘူး။ မိမိတို့ အလုပ်ရာထူးနှင့်တာဝန်များကို နားလည်ခြင်းဟာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊တန်ဖိုးများနှင့် ဆက်စပ်နေသောကြောင့် ကာလကြာစွာလုပ်ဆောင်နေခြင်းဟာ ၎င်းတို့ဆန္ဒအရဆောင်ရွက်ခြင်းသာ ဖြစ်ပြီး အတင်းအကြပ်လုပ်ဆောင်ရမည်ဆိုသော တွန်းအားကြောင့်မဟုတ်ပါဘူး။ အဓိပ္ပါယ်ရှိစွာ အလုပ်လုပ်ခြင်းဟာ လုပ်ငန်းခွင်အတွင်းစိတ်ကျေနပ်မှုရှိခြင်းနှင့် ကြီးမားစွာဆက်စပ်လျှက် ရှိနေပါတယ်။


၄။ သုံးသပ်ချက်များကို ရှာဖွေပါ။


တခါတရံမှာ ဝန်ထမ်းများဟာ ပြဿနာများကို ဖြေရှင်းဖို့ ၎င်းတို့ရဲ့ မန်နေဂျာများကိုချဉ်းကပ်ရာမှာ ခက်ခဲတွေဝေနေတတ်ပါတယ်။ အကြောင်းပြချက်ကတော့ ၎င်းတို့အနေနဲ့ လုပ်ငန်းခွင်အတွင်း ပြသနာကို ဖြေရှင်းနိုင်တဲ့ အရည်အသွေးလုံလောက်စွာမရှိဘူးလို့ ယူဆခံရမှာစိုးတာကြောင့်ဘဲ ဖြစ်ပါတယ်။ ဒါကြောင့်ဝန်ထမ်းများကို ယုံကြည်အားပေးကာ ၎င်းတို့လိုအပ်တဲ့ အကြံဉာဏ်၊ အကူအညီများကို အတူရှာဖွေပေးပြီး ဝိုင်းဝန်းအဖြေရှာပေးဖို့လိုအပ်ပါတယ်။


၅။ အသိအမှတ်ပြုပါ။ ဆုချပါ။


မိမိ၏ အထက်အရာရှိထံမှ အသိအမှတ်ပြုခံရခြင်းသည် ယုံကြည်မှုကို အင်မတန်တိုးပွားစေပြီး စိတ်စွမ်းအား အလွန်မြင့်မားစေပါတယ်။ ထို့ကြောင့် ဝန်ထမ်းများကို အသိအမှတ်ပြုပေးခြင်းနှင့် အကောင်းမြင်သော သုံးသပ်ချက်များကို အလျဉ်းသင့်သလို လူကိုယ်တိုင် (သို့) ယခုလိုကာလတွင်း Video call ဖြင့်ပြုလုပ်သင့်ပါသည်။ ဝန်ထမ်းများကို အသိအမှတ်ပြုခြင်း၊ ဆုပေးခြင်းနှင့် ဝန်ထမ်းများကို စိတ်ကျေနပ်စေခြင်းတို့ဟာ တစ်ခုနှင့် တစ်ခုချိတ်ဆက်နေပါတယ်။ ဝန်ထမ်းများအနေဖြင့် ၎င်းတို့လုပ်ငန်းနယ်ပယ်မှာ ထူးချွန်ပြောင်မြောက်ပါက အချို့မက်လုံးများဖြင့် ဆုပေးသင့်ပါတယ်။ ဒါကြောင့်မိမိတို့ ကုမ္ပဏီအတွက် အလုပ်ဖြစ်စေမယ့် စနစ်များကို ကျင့်သုံးချမှတ်ဖို့ အထူးလိုအပ်ပါတယ်။


Work-from-home အတွက် Employee Engagement ဆိုင်ရာ နည်းလမ်းအကြံပြုချက်များ


အထက်မှာဖော်ပြခဲ့တဲ့အတိုင် ရုံးပြန်တက်ခွင့်မရသေးသောကာလ ဖြစ်တာကြောင့် သာမန်ကျင့်သုံးနေကျ နည်းဗျူဟာများဟာ Employee Engagement ပြုလုပ်ဖို့ အနည်းငယ် ခက်ခဲ နိုင်ပါတယ်။ ဒါကြောင့် Work-from-home အတွက် Employee Engagement ဆိုင်ရာ နည်းလမ်းအကြံပြုချက်များ ကို အောက်ပါအတိုင်းမျှဝေလိုပါတယ်။


၁။ ဝန်ထမ်းများအနေနဲ့ ယခင်က ရုံးတွင်းနေ့စဉ်ခဏတာ စကားပြောလေ့ရှိတဲ့ အချိန်ကာလကို လွမ်းမောကြမှာ အသေအချာပါဘဲ။ ဒါပေမယ့် သူတို့အသုံးပြုနေတဲ့ ဖုန်း (သို့) Video call များဖြင့် ပျော်စရာအချိန်များကိုဖန်တီးနိုင်ပါတယ်။ ဥပမာ။ Drinking ပါတီ (အရက်/အခြား သောက်စရာများ)၊ အားကစားလုပ်ခြင်း၊ ဂိမ်းကစားခြင်းစသဖြင့် နည်းပညာဆိုင်ရာ Application တို့ကို အသုံးပြုပြီး ပျော်ရွှင်စရာအစီအစဉ်များကို ဆောင်ရွက်ပေးသင့်ပါတယ်။


၂။ ဒီလိုလူမှုရေးဆိုင်ရာ ပျော်စရာအချိန်တွေကို ဖန်တီးဖို့အတွက် မိမိတို့ဝန်ထမ်းများကို ယုံကြည်ကာ တာဝန်ကိုယ်စီပေးအပ်ပြီး ဆောင်ရွက်စေသင့်ပါတယ်။ အကြံပြုလိုတာကတော့ အလှည့်ကျ (ဥပမာ၊ ဝန်ထမ်း A မှ ပထမအပတ်အတွက် အစီအစဉ်၊ ဝန်ထမ်း B မှ ဒုတိယအပတ်အတွက် အစီအစဉ်) ဆောင်ရွက်စေခြင်းဖြင့် ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို မြှင့်တင် လှုံ့ဆော် ပေးသင့် ပါတယ်။


၃။ အဝေးမှ အစည်းအဝေးပြုလုပ်ရသောကာလတွင် ဝန်ထမ်းများလွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင် စေဖို့အတွက် ဆုများပေးအပ်ခြင်း (ဥပမာ – Discount ဘောင်ချာများပေးအပ်ခြင်း) စတဲ့ စိတ်ပါဝင် စားစေမယ့် အစီအစဉ်များကို အားပေးသင့်ပါတယ်။


၄။ Lockdown ကာလမတိုင်မှီ အလုပ်မဝင်ခဲ့သည့် ဝန်ထမ်းများကို အိမ်မှအလုပ်လုပ်နေသော ကာလအတွင်း အသေးစားစီမံခန့်ခွဲမှုများကို မပြုလုပ်သင့်ပါဘူး။ နေရာတကာ အသေးစိတ်စီမံခန့်ခွဲခြင်းဖြင့် နားလည်မှုလွဲခြင်း၊ အသေးစားပြသနာများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယခုလက်ရှိ ကုမ္ပဏီအတော်များများ အနေဖြင့် Virtual Information Boards များစတင်ကျင့်သုံးကာ ဝန်ထမ်းများ၏ လုပ်ငန်းစဉ်အခြေအနေ၊ မေးခွန်းများ မေးမြန်းခြင်း စသော လိုအပ်သည့် သတင်းပေးပို့ခြင်းများကို ပြုလုပ်လာကြပြီဖြစ်လို့ မိမိတို့လုပ်ငန်းများမှာလည်း လိုအပ်သလို ပြောင်းလဲစီမံပေးကြဖို့ အကြံပြုရင်း နိဂုံးချုပ်လိုပါတယ်။

2 views0 comments

Comments


bottom of page