၂၀၂၀ မတ်လတွင်း ကောက်ယူရရှိတဲ့ အချက်အလက်တွေအရတော့ ၉၃%သော စားသောက်ဆိုင်တွေရဲ့ ဝင်ငွေတွေ ကျဆင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုင်တွေထဲက ၈၀% လောက်ကတော့ သူတို့ရဲ့ ကုန်ကျစရိတ်တွေ သက်သာဖို့အတွက် မလိုအပ်တာတွေကို လျှော့ချနေကြပါတယ်။ လက်လီလက်ကားလုပ်ငန်းနယ်ပယ် အတွင်းမှာတော့ လွန်ခဲ့တဲ့ ၂၂ နှစ်တာကာလအတွင်း အကြီးမားဆုံးသော ရောင်းအားကျဆင်းမှုကြီး ကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ COVID-19 ကာလပြီးဆုံးတဲ့အခါ လုပ်ငန်းကို အရှိန်အဟုန်နဲ့ ပြန်လည် လည်ပတ်နိုင်ဖို့ အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်နိုင်ဖို့ ဘာတွေလုပ်ဆောင်နိုင်မလဲ? ဒီလိုကိစ္စတွေကြုံတွေ့လာတဲ့အခါ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အတွက်ပါ အဆင်ပြေစေမယ့် အချက်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။
(၁) Winning Cash Flow Strategies ကိုအဆင့်မြှင့်တင်ခြင်း
ဝင်ငွေနည်းပြီးတော့ ထွက်ငွေအင်မတန်များပြားတဲ့ ဒီလို မသေချာမရည်ရာတဲ့ အချိန်ဆိုတာ လုပ်ငန်းတွေအတွက် အဖက်ဖက်က ဖိအားတွေများနေတဲ့ အချိန်တစ်ခုဆိုရင်လည်း မမှားပါဘူး။ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ Winning Cash Flow Strategies ကိုအသုံးချဖို့ပဲ ဖြစ်ပါတယ်။
လက်ထဲရှိတဲ့ ငွေပမာဏကို မှတ်ထားတာ ထွက်ငွေပမာဏကို သတ်မှတ်ထားပြီးတော့ အချက်အလက်တွေကို အကျိုးရှိရှိ အသုံးချမယ်ဆိုရင် လုပ်ငန်းအတွက် ဘယ်အချိန်မှာ ဘယ်လောက်ငွေပမာဏ သုံးနိုင်မယ်ဆိုပြီး ရှင်းရှင်းလင်းလင်း သိလာနိုင်မှာ ဖြစ်ပါတယ်။
ထွက်ငွေပမာဏကို သေချာဆန်းစစ်နိုင်ဖို့ ပေးစရာရှိတဲ့ ငွေပမာဏကို သေချာတွက်ချက်ထားဖို့ လိုအပ်ပါတယ်။ မိတ်ဆွေရဲ့ လုပ်ငန်းအတွက် ပစ္စည်းတွေ မှာယူတဲ့အခါ အထူးသဖြင့် အချိန်အကြာကြီး အလုပ်တွဲလုပ်ရမယ့် အချိန်မျိုးမှာ ငွေပေးချေရမယ့် ပုံစံကို ညှိနှိုင်းဖို့ မမေ့ပါနဲ့။ အခြေအနေအချိန်အခါ ပေါ်လိုက်ပြီးတော့ ပေးရမယ့် ငွေပမာဏကို ပေးတာထက် အရင်ဆုံး Discount လိုမျိုးတွေနဲ့ ကမ်းလှမ်းတာက ပိုပြီးတော့ အဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဝင်ငွေပမာဏ မြင့်မားလာဖို့အတွက် ငွေရနိုင်မယ့် နည်းလမ်းတွေကို တိုးမြင့်ထား သင့်ပါတယ်။ Invoice တွေကိုတော့ ချက်ချင်း ထုတ်ပေးပြီးတော့ အစောပိုင်း ငွေပေးချေမှုတွေအတွက်ကိုတော့ Discount တွေချပေးပြီး ပြုလုပ် ပေးသင့် ပါတယ်။ ရစရာရှိတာတွေကို လက်ခံယူတာမျိုး မလုပ်တာကြာလာမယ်ဆိုရင် တစ်ချို့တစ်ဝက်ဖြစ်ဖြစ် အားလုံးကိုဖြစ်ဖြစ် ဆုံးရှုံးသွားနိုင်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ငွေကြေးအခက်အခဲ ဖြစ်နေကြတဲ့အတွက် ငွေပေးချေရမယ့်ရက် ကျော်လွန်သွားတဲ့ Client တွေအတွက် ငွေပေးချေရမယ့် နည်းလမ်းတွေကိုလည်း စီစဉ်ထားသင့်ပါတယ်။
(၂) Target Audience နှင့် Business Model ကိုပြန်လည် ဆန်းစစ်ခြင်း
Customer တွေနဲ့ သူတို့ရဲ့ ဖြစ်ချင်တဲ့အရာတွေက COVID-19 ကာလကြောင့် ပြောင်းလဲလာခဲ့ပြီးတော့ ဒီလိုပြောင်းလဲမှုကို အမှီလိုက်ဖို့ ပထမအရေးကြီးဆုံး အချက်ကတော့ သူတို့ရဲ့ ပြုမူလုပ်ဆောင်ပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ဖို့ ဖြစ်ပါတယ်။ စားသောက်ဆိုင်မှာ ညစာစားတဲ့ သူတွေ၊ ဆိုင်တွေမှာ ဈေးဝယ်ထွက်တဲ့ သူတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် နည်းပါးလာပါပြီ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဈေးလာဝယ်တဲ့ လူနည်းစုကိုလည်း Target ထားပြီးတော့ ဝန်ဆောင်မှု ပေးသင့် ပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေကတော့
ကုန်ပစ္စည်းတွေကို နေရာပြောင်းလိုက်တာ ပုံစံပြောင်းလိုက်တာတွေ လုပ်မယ်ဆိုရင် ပြည်တွင်းက နေ့တိုင်းလာဝယ်နေကျ ဈေးဝယ်သူတွေ အတွက် နေရာကျဉ်းကျဉ်း ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်ပြီး မျက်စိကျစေမှာ ဖြစ်ပါတယ်။
ကုန်ကျစရိတ်လည်းနည်းပါးတဲ့ အချိန်အတိုင်းအတာ တစ်ခုအထိပဲဖွင့်တဲ့ Pop-up Stores တွေဖွင့်ဖို့ ညှိနိုင်းသင့်ပါတယ်။ (ဈေးဝယ်စင်တာ တွေနဲ့ တည်နေရာပေါ် မူတည်ပါတယ်။)
(၃) လုပ်နိုင်စွမ်းကို ပြန်လည်ဆန်းစစ်ပြီး အစီအစဉ်ဆွဲခြင်း
စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရှိပြီးသားဝန်ထမ်းတွေကို Training ပြန်ပေးတာဖြစ်ဖြစ် နောက်ထပ်တစ်ယောက်ခန့်ထားတာပဲ ဖြစ်ဖြစ် ကျွမ်းကျင်တဲ့သူနဲ့ အွန်လိုင်းပေါ်မှာပါ လုပ်ငန်းကို ချဲ့ထွင်ထားသင့်ပါတယ်။ နေရာတော်တော်များများမှာ စရိတ်လျှော့ချတာတွေ လုပ်နေကျပေမယ့် ဒီလို ဝန်ထမ်းတွေအများကြီး ထပ်ခန့်ထားတာက အကျိုးမရှိဘူးလို့ ထင်ရပေမယ့် တစ်ကယ်တော့ မဟုတ်ပါဘူး။ social media marketing ၊ စာရင်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်တွေနဲ့ အရောင်းကြော်ငြာ ပြုလုပ်နိုင်တဲ့ အရည်အချင်းတွေက အခုအချိန်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။
(၄) အင်တာနက်ပေါ်တွင် ရောင်းချမှုများ ပြုလုပ်ပါ
COVID-19 ကာလကြောင့် ပြောင်းလဲမှုတွေ အများကြီးအခုအချိန်မှာ ဖြစ်နေပါပြီလို့ ပြောနိုင်ပေမယ့် ဒါဟာ စီးပွားရေး လုပ်ငန်းတွေ အတွက် လွန်ခဲ့တဲ့ဆယ်စုနှစ်လောက် ကတည်းက ဆွဲဆောင်မှုတွေရနေတဲ့ Lazada, Carousell နဲ့ Qoo10 တို့လို ပလက်ဖောင်းတွေကို အသုံးပြုပြီး Digital ဘက်ကို ကူးပြောင်းနိုင်မယ့် အခွင့်အလမ်းကြီး တစ်ရပ်လို့လည်း ပြောနိုင်ပါတယ်။ F&B လုပ်ငန်းတွေအနေနဲ့ ကျန်ရှိနေတဲ့သူတွေအတွက် Delivery လုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်ဖို့ ဆုံးဖြတ်လာကြပါပြီ။ (COVID အချိန်မတိုင်ခင်ထက် Delivery လုပ်ငန်းတွေက ၅၀% ကနေ ၃၀၀% လောက်ထိ မြှင့်တက်လာပါပြီ။) ဒီလိုလုပ်ငန်းတွေအတွက် Online-to-Offline Promotion တွေလုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ မှာယူသူတွေက ပမာဏအတိုင်းအတာ တစ်ခု အနည်းဆုံး ဝယ်ယူပြီးတာနဲ့ သူတို့ ဆိုင်ကို လာတဲ့အခါ ၃၀% လျှော့ပေးတာမျိုးတွေ ဝန်ဆောင်မှုရှိရပါမယ်။
(၅) Loyalty Program များဖန်တီးခြင်း
ကုမ္ပဏီ (၄) ခုမှာ (၃) ခုလောက်က Loyalty Program တွေ ရှိတဲ့အတွက်ကြောင့် သူတို့ရဲ့ ရင်းနီးမြှုပ်နှံမှုကနေ အကျိုးရလာဒ်တွေ အများကြီးရကြတယ်လို့ Experian ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ Loyalty Program တွေမှာ ဖောက်သည်တွေမှာ မက်လောက်စရာ လက်ဆောင်တွေ ဆုလာဒ်တွေနဲ့ ဆွဲဆောင်ထားတဲ့အတွက် ဖောက်သည်တွေကို ထိန်းထားနိုင်ပြီးတော့ ဖောက်သည်အသစ်တစ်ယောက် ရအောင် လုပ်ရတာထက် ကုန်ကျစရိတ်မှာ (၇) ဆလောက် သက်သာတယ်လို့လည်း သိရပါတယ်။
(၆) Upselling ပြုလုပ်ခြင်း
McDonal ရဲ့ Touch-screen အသုံးပြုပြီးတော့ အစားအသောက်မှာယူမှုတွေ မဖြစ်လာခင်က စားစရာသွားမှာတဲ့ အခါမျိုးမှာ “Would you like a set meal” ဆိုပြီး ကောင်တာနောက်ကနေ လှမ်းမေးမှာက မိန်းမလှလေးတစ်ယောက် (ဒါမှမဟုတ် ခပ်ချောချော အမျိုးသားတစ်ယောက်) ဖြစ်နေနိုင်ပါတယ်။ ဟုတ်ပါတယ် လို့လည်းဖြေခဲ့နိုင်ပါတယ်။ ဒါကရောင်းချတဲ့ ပုံစံတစ်မျိုးပါပဲ ဒီလို နည်းစနစ်မျိုးမှာ ရှိပြီးစားသုံးသူ တစ်ယောက်ကိုပဲ ဘက်ပေါင်းစုံကနေ တခြားလိုက်ဖက်မယ့် ပစ္စည်းတွေကို ရောင်းချတာမျိုး ဖြစ်ပါတယ်။ ရောင်းချတယ်ဆိုတာ လူတွေကို ပစ္စည်းတွေဝယ်ဖို့အတွက် တွန်းအားပေးတာ တစ်ခုထပ်ပိုပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ ဖြစ်ချင်တာတွေကိုလည်း နားလည်ဖို့ မြင်တတ်ဖို့ လိုအပ်ပါသေးတယ်။ ဒီလိုနည်းလမ်းမျိုးက အချိန် အကြာကြီးတော့ အလုပ်မဖြစ်ပါဘူး။
ဒီမှာပြောပြခဲ့တဲ့ အချက်တွေကတော့ ကုမ္ပဏီတွေအနေနဲ့ COVID ကာလ ပြီးဆုံးသွားတဲ့အချိန် ဖြတ်ကျော်ဖို့အတွက် နည်းလမ်း ကောင်းတွေပဲ ဖြစ်ပါတယ်။ အကြံပေးတဲ့သူတွေ သက်ဆိုင်သူတွေနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ၊ ရွေးချယ်စရာနည်းလမ်းတေဝွနဲ့ အကောင်းဆုံးဖြစ်မယ့်နည်းလမ်းတွေကို သိရဖို့အတွက် လက်တွဲလုပ်ကိုင် သင့်ပါတယ်။
JustLogin နှင့်အတူ Cloud-based HR ကို စတင်လိုက်ပါ
JustLogin ဟာ Cloud based HR application တခုဖြစ်ပါတယ်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် သူတို့ရဲ့ လစာပေးစနစ်တွေ၊ ခွင့်၊ ရုံးတက်စာရင်း၊ အသုံးစရိတ်နှင့် အကျိုးခံစားခွင့်တွေကို စီမံခန့်ခွဲရာမှာ အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ထောင်ချီတဲ့ စီးပွားရေးလုပ်ငန်းတွေကို သူတို့ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားပိုမိုမြင့်မားလာအောင် သူတို့ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေ ပိုမိုကောင်းမွန်လာအောင် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရုံးတစ်ခု၊ စားသောက်ဆိုင်တစ်ခု၊ လက်လီဆိုင်တစ်ခု၊ ဂိုထောင်တစ်ခုမှာ အလုပ်လုပ်နေရရင်လည်း ကိစ္စမရှိပါဘူး အိမ်ကနေ အလုပ်လုပ်နေရရင်တောင်မှ ကိစ္စမရှိတော့ပါဘူး။ JustLogin ကို ဒီနေ့ပဲ http://mm.justlogin.com/my/free-trial/ မှာ စမ်းသုံးကြည့်လိုက်ပါ။
コメント